Monday, June 4, 2012

မိုးတွင်းကာလ ဘင်္ဂလားပင်လယ်အော်တွင် မုန်းတိုင်းရှိ၊ မြန်မာ့ကမ်းရိုးတမ်းဒေသသို့ မသက်ရောက်နိုင်

Ever November | 6/04/2012 10:37:00 PM | Best Blogger Tips
ယခုမိုးတွင်းကာလတွင်ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းများတိုက်ခတ်နိုင်သော်လည်း မြန်မာ့ကမ်းရိုးတန်း
 ဒေသများသို့ အသက်အန္တရာယ် မရောက်ရှိနိုင်ကြောင်း မိုးလေ၀သပညာရှင်ထံမှ သိရှိရသည်။
 
“ဘယ်နေရာမှာ လှုပ်လှုပ် မြန်မာ့ကမ်းရိုးတမ်း ဘယ်နေရာမှ အသက်အန္တရာယ်ရှိလောက်အောင် မြင့်မားတဲ့ ဆူနာမီမဖြစ်နိုင် ဘူးဆိုတာ ကျွန်တော်တို့ရဲ့ မော်ဒန်ရမ်းအရ သိရပါတယ် နောက်တစ်ခုက ဘယ်နေရာမှ အသက်အန္တရာယ် ရှိနိုင်တဲ့   ရေလှိုင်းအမြင့် မရှိတာကို တွေ့ရပါတယ် “ ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောသည်။
 
 ပထမအချက်မှာ ရေအောက်လှုပ်သော ငလျင်လှုပ်ခက်ခြင်း ၊ နှစ်အချက်မှာ အင်အားသည် ခုနှစ်အထက် ၊ သုံးအချက်မှာ ငလျင် လှုပ်ခတ်ခြင်းသည် မြေပြင်အောက်အနက်ဖြစ်ရမည်ဖြစ်ပြီး လေးအချက်မှာ ငလျင်လှုပ်ခတ်နှုန်းမှာ ၉ဒသမ သုညရှိမှသာ အင်အားကြီး   ငလျင်လှုပ်ခတ်နိုင်ကြောင်း သိရှိရသည်။
 
“စစ်တွေမှာ ၉ဒသမ သုညရောက်မှ အန္တရာယ်ရှိတာ တကယ်လို့ အသက်အန္တရာယ်ရှိတ့ အချိန်ကို ရောက်ခဲ့မယ်ဆိုရင်လဲ ရခိုင်မှာဘဲရှိတယ် ။ ရခိုင်ပြည်နယ်မှာ ငလျင်စင်တာ လှုပ်တာတောင် ငွေဆောင် ၊ ချောင်းသာ ဘက်ကို အန္တရာယ်ရှိတဲ့ အဆင့်ကို မရောက်ဘူး။ ” ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆက်ပြောသည်။
 
ဆူနာမီရေလှိုင်းရှိနိုင်သော ဒေသမှာ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ ၊ သံတွဲ နှင့် ငပလီတို့ ဖြစ်နိုင်သော်လည်း   မြစ်ဝ ကျွန်းပေါ်တွင် အသက်အန္တရာယ်ရှိနိုင်သော ဆူနာမီရေလှိုင်း မဖြစ်နိုင်ကြောင်း Myanmar Climate Change Watch မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးထွန်းလွင်က ဇွန်လ ၅ရက်နေ့တွင် ကျရောက်မည့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနေ့ကို  ဂုဏ်ပြုသော အခမ်းအနားတွင် ပြောကြားခဲ့သည်။
၂ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် လူဦးရေ သိန်းနှင့်ချီပြီး သေဆုံးသူများရှိခဲ့ပြီး ၂၀၁၀ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့တွင်လဲ ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားပင်လယ်အော်မှ ၀င်ရောက်တိုက်ခတ်ပြီး ကျောက်ဖြူနှင့် စစ်တွေမြို့များတွင် အပျက်အစီးများပြားခဲ့ကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1