Thursday, June 14, 2012

ကျောက်ပန်းတောင်းမြို့မဈေးအနီးတွင် ယာဉ်ရပ်နားစခန်းထားရှိရန် ဒေသခံများ မျှော်လင့်

Ever November | 6/14/2012 11:43:00 PM | Best Blogger Tips
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ရှိ မြို့မဈေးသို့လာရောက်သော ဈေးကားများ၊ မြင်း လှည်းနှင့်ဆိုင်ကယ်များရှုပ်ထွေးနေခြင်းကြောင့်စနစ်ကျသည့်ယာဉ်ရပ်နားစခန်းမျိုးထားရှိရန် မျှော်လင်
့လျက်ရှိကြောင်း ကျောက်ပန်းတောင်းမြို့ခံများထံက သိရှိရသည်။
 
ဈေးကား၊ဆိုင်ကယ်များအတွက် ယာဉ်ရပ်နားစခန်းထားရှိလိုခြင်းမှာ ကျောက်ပံတောင်း မြို့မဈေး အနီးတွင် အ.ထ.က(၁) ကျောင်း ရှိခြင်းကြောင့် ကျောင်းတက်/ဆင်းချိန်တွင် ကျောင်းသားများ အတွက် စိုးရိမ်ဖွယ်အခြေအနေ များကြုံတွေ လာနိုင်သောကြောင့်ဖြစ်ကြောင်း   သိရှိရသည်။
 
“ကျောင်းက ဈေးနဲ့ကပ်နေတော့ ကျောင်းသွားတဲ့ ကလေးတွေက အဲဒီဈေးလမ်းမ ကနေပဲ ဖြတ် ပြန်ရတာလေ အရမ်းအန္တရာယ် များတယ်၊ ဈေးလာတဲ့ ရွာကားတွေနဲ့ အခြားမြို့ကနေ ကျောက်ပန်းတောင်း ဈေးကို လာရောက်ဈေးဝယ်ကြတဲ့ ကားတွေအတွက် ယာဉ်ရပ်နားစခန်းလုပ်ပေးရင် ကောင်းတာပေါ့” ဟု ကျောက်ပန်းတောင်းမြို့နေ မသင်းသင်းနွယ်က ပြောသည်။
 
ကျောက်ပန်းတောင်းမြို့မဈေးအား နံနက် (၆)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားပြီး၊ မြို့ပေါ်နှင့် ကျေးရွာ ၊ ရပ်ကွက်များမှ လာရောက်ဝယ်ယူခြင်းများပြားခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။
 
“မနက် ၆ နာရီ ကနေ ညနေ ၅ နာရီထိ ဈေးက ဖွင့်တယ်။  မနက်ကျောင်းတတ်တဲ့ အချိန်နဲ့ အဲဒီ မနက်ကျောင်းဆင်းချိန်က ဈေးကလည်း လူအရမ်းများတဲ့ အချိန်က အရေးကြီးတယ်၊ အဲဒီ အချိန် ဆိုရင် လမ်းသွားရတာ အရမ်းကြာတယ်။ လမ်းတွေလည်း ပိတ်နေတာပဲ ဘယ်လိုမှ ကလေးတွေ ကျောင်းသွားရတာ အဆင်မပြေဘူး ကားကိုပြန်ရှောင်နေရတာက ခက်တယ်” ဟု သာယာအေးရပ်ကွက်ရှိ ကိုမြတ်ရွှေက   ပြောသည်။
 
မြို့မဈေးနှင့်အ.ထ.က(၁)ကျောင်း နီးကပ်နေခြင်းကြောင့် ကားများပိတ်ဆို့ခြင်းဖြစ်ပေါ်ကာ လမ်းသွား လမ်းလာများနှင့်လည်း မကြာခဏ စကားများရန်ဖြစ်ခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။
 
ဈေးကာများနှင့် မြင်းလှည်းများအား ဈေးပတ်လမ်းတွင် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ရပ်တန့်ခြင်းမပြုရန် မြို့နယ်စည်ပင်က   ကြေညာချက်ထုတ်ထားသော်လည်း လိုက်နာမှုအားနည်းနေသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။
 
“အင်း တကယ်က ကျောင်းသားတွေတင်မဟုတ်ဘူး လမ်းသွားလမ်းလာတွေ အတွက်လည်း အဆင် မပြေဘူး အားလုံးအတွက် အနှောက် အယှက်ဖြစ်နေတာ ခဏခဏ စကားများရတယ် ကားသမားတွေ နဲ့ လမ်းသွားတဲ့ လူတွေအဲဒီလို ပြသာနာတွေလည်း ရှိတယ်”ဟု ကိုမြတ်ရွှေက ဆက်ပြောသည်။
 
ကျောက်ပန်းတောင်းမြို့တွင် အထက်တန်းကျောင်း(၃)ကျောင်းရှိပြီး မူလတန်းကျောင်းသည် ရပ်ကွက်တိုင်းတွင် ဖွင့်လှစ်ထားရှိကြောင်း ၊ အ.ထ.က(၁)ကျောင်းတွင် ကျောင်းသား ဦးရေ(၃၀၀၀) ကျော်ရှိကြောင်းနှင့် မြို့ရှေ့အထက်ကျောင်းလည်းရှိကြောင်း သိရှိရသည်။
 
အ.ထ.က(၁) ကျောင်းသို့ ဆုံရွာ ၊ အင်တော ၊ မကြီးကုန်းရွာများမှ ကျောင်းသားများ လာတတ်ရောက် ကြပြီး ၊ ကျောက်ပန်းတောင်းမြို့ရှိ   ပြည်တော်သာရပ်ကွက် ၊ လွတ်လပ်ရေး ၊ မြို့မ ၊ ဈေးကွက်သစ် နှင့် သာယာအေးအပါအ၀င် ရပ်ကွက်(၁၂)ခုမှ ကလေးသူငယ်များလည်း တတ်ရောက်လျက်ရှိကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1