Monday, June 11, 2012

မြန်မာ့ပညာရေးအတွက် သြစတြေးလျ ဒေါ်လာသန်း ၈၀ ကူညီ

Ever November | 6/11/2012 08:01:00 PM | Best Blogger Tips
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တက္ကသိုလ်ရိပ်သာလမ်းရှိနေအိမ်တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်ကို တွေ့ရစဉ်။
မြန်မာမူလတန်း ကျောင်းသူ/ကျောင်းသားတသန်းကျော်အတွက် ပြဋ္ဌာန်းစာအုပ်များထောက်ပံ့ပေးသွားမည်
ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ဘုန်းတော်ကြီးသင် ကျောင်းတွေနဲ့လူမှုအဖွဲ့တွေကဖွင့်ထားတဲ့ ကျောင်းတွေကတဆင့် ဝေးလံခေါင်သီဆုံး
 ဒေသတွေနဲ့ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသတွေကိုကူညီသွားမှာပါ။တချို့ကျောင်းတွေမှာဆို သေချာလေ့ကျင့်ပြီး
သား ဆရာ/ ဆရာမ ဦးရေက တဝက်တောင် မရှိကြပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဘော့ကား Bob Carr က ၎င်း၏ သုံးရက်ကြာမြန်မာပြည် ခရီးစဉ်အပြီး သောကြာနေ့က ကြေညာသည်။

မြန်မာကလေး တဝက်မျှသာ မူလတန်း ပြီးမြောက်အောင် ပညာသင်နိုင်ကြပြီး ကျန်ကလေးငယ်များမှာ အစားအစာ မလုံလောက်မှုနှင့် အာဟာရချို့တဲ့လျက်ရှိကာ ပညာသင်ကြားရန် ခက်ခဲလျက်ရှိသည်ဟု မစ္စတာကား က ဆိုသည်။
ယခုအကူအညီများဖြင့်တနှစ်တာ ကျောင်းနေစဉ်အတွင်းအစားအစာပါ ကျွေးမွေးနိုင်မည်ဖြစ်ပြီး လေးနှစ်
တာအတွက် ကူညီခြင်း ဖြစ်သည်။

အဆင့်မြင့်ပညာသင် ထောက်ပံ့ဆုများကိုလည်း၂၀မှ၅၀အထိတိုးမြှင့်ကာ၂၀၁၅ခုနှစ်အထိ ပေးအပ်သွား
မည်ဖြစ်သည်။

မစ္စတာ ဘော့ကား သည် ခရီးစဉ်အတွင်း AusAID မှ ဆောင်ရွက်နေသည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းတွင်းမှ စာသင်ကျောင်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။

သြစတြေးလျသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးအကူအညီများ ပေးနေသော အကြီးဆုံး အလှူရှင်နိုင်ငံများထဲတွင်တခုအပါအဝင်ဖြစ်ပြီးကူညီမှုများကိုကုလသမဂ္ဂအဖွဲ့များ၊ ဒေသခံအဖွဲ့များနှင့် နိုင်ငံ
တကာ NGO များ ထံမှတဆင့် ပေးအပ်လေ့ရှိသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း သြစတြေးလျသည် မြန်မာနိုင်ငံအတွက် ၂ဝဝ၇ခုနှစ်မှစ၍ ဆေးစိမ်ခြင်ထောင် တသန်းကိုးသိန်းလှူဒါန်းခဲ့ပြီးနှင့်တီဘီဝေဒနာသည်၁၂၇,ဝဝဝကိုကုသပေးခဲ့ကာHIV/AIDS ဖြစ်ပွားမှုနှုန်း
 လျှော့ချရန် အတွက် ကွန်ဒုံး ၅၁ သန်းနှင့် ဆေးထိုးအပ် ၁ဝ သန်း ထောက်ပံ့ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ပေးအပ်နေသော ဖွံ့ဖြိုးရေး အကူအညီများကို ယခင်က ဒေါ်လာ ၄၈.၈ သန်း ပေးနေရာမှ ၆၃.၈ သန်းအထိ တိုးမြှင့်ပေးလိုက်ကြောင်း AusAID က မေလအတွင်း ကြေညာခဲ့သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1