Thursday, June 28, 2012

FDI ဟိုတယ်များတွင် တည်းခိုမှုရာခိုင်နှုန်းနှင့် အခန်းခနှုန်းထားများအား စစ်ဆေးမည်

Ever November | 6/28/2012 04:38:00 PM | Best Blogger Tips

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု(Foreign Direct Investment) ဟိုတယ်များ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဋ္ဌာနသို့ တည်းခိုမှုရာခိုင်နှုန်းနှင့် အခန်းခနှုန်းထားများအား မမှန်မကန်ဖော်ပြခြင်းကို စစ်ဆေးတွေ့ရှိပါက လိုအပ်သည့် အရေး ယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရသည်။
 
နိုင်ငံခြားရင်းနှီးမြှပ်နှံမှု(Foreign Direct Investment) ဟိုတယ်များတွင် ဟိုတယ်အခန်းခဈေးနှုန်းများကြီးမြှင့်နေခြင်း၊ ခရီးသွား ကုမ္ပဏီများမှအခန်းများ ကြိုတင်မှာယူရာတွင် မရရှိခြင်းတို့ကို ကြားသိရသောကြောင့် သက်ဆိုင်ရာဟိုတယ်များ မှ အထွေထွေမန်နေဂျာများ၊ ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနိုင်းမှု (၄) ကြိမ်ခန့်ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်မှုမရှိသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက ဇွန်လ(၂၆)ရက်နေ့အစည်းအဝေးပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။
 
FDI ဟိုတယ်များအနေဖြင့် တည်းခိုမှုရာခိုင်နှုန်း၊ အခန်းခနှုန်းထားများအား မမှန်မကန်ဖော်ပြပါက ဟိုတယ်တာဝန်ခံ GMများအား အရေးယူမည့်အပြင် မိခင်ကုမ္ပဏီကိုလည်းB.O.Tစာချုပ်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    ၂၀၁၂ခုနှစ်ဇွန်လ(၂၆)ရက်နေ့ နေပြည်တော်ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သော နိုင်ငံခြားရင်းနှီးမြှပ်နှံမှု( Foreign Direct Investment) ဟိုတယ်တာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ၌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ဖြစ်သည်။
 
“အခန်းခကြီးတာကတော့ အပြန်အလှန်ဆက်ဆံရေး အပေါ်မှာလည်း မူတည်ပါတယ်။ တစ်ချို့တွေကြတော့လည်း အခုမှ ကုမ္ပဏီလေးတွေ စထောင်တာဆိုတော့ ဒီလိုအဆင်မပြေမှုတွေ ကြုံတွေ့ရတာတွေ ကြားပါတယ်။ တကယ်တမ်း အရေး ယူမယ်ဆိုရင်တော့ အများကြီးရှိတာပေါ့”ဟု ပတ္တမြားမြေ(RUBYLAND) ခရီးသွားလုပ်ငန်းမှMD ဦးအေးကျော်ကပြောသည်။
 
အဆိုပါဖြစ်စဉ်များအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အထူးစစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ Foreign Direct Investment ဟိုတယ်များတွင် ရာနှုန်းပြည့်အခန်းဌားရမ်းမှု ရှိ၊ မရှိနှင့် ကြိုတင်အခန်းဝယ်ယူမှု(Booking)ရှိ၊ မရှိ သိရှိစေရန် စစ်ဆေးခဲ့ရာမည်သည့်ဟိုတယ်မှ ရာနှုန်းပြည့်ဌားရမ်းမှု မရှိခဲ့ကြောင်းကိုလည်း ဇွန်လ(၂၆)ရက်နေ့ အစည်း အဝေးက သိရှိရသည်။
 
 “နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေ သီးသန့်ပဲဆိုရင်တော့ တစ်ဘက်စောင်းနင်းကျတယ်။ ကိုယ်နိုင်ငံသားတွေ ထောင် ထားတဲ့ ဟိုတယ်တွေမှာလည်း အဲ့ဒါမျိုး ပြဿနာတွေရှိနေတာပဲ။ တကယ်အရေးယူမယ်ဆိုရင် မျှမျှတတ အရေးယူ သင့်တ��်”ဟု ပတ္တမြားမြေ(RUBYLAND) ခရီးသွားလုပ်ငန်းမှ MD ဦးအေးကျော်က ပြောသည်။
 
နိုင်ငံခြားသားခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းမှာ ယခင်စစ်အစိုးရလက်ထက်ထက် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နှစ်ဆကျော်ပိုမိုဝင်ရောက်လာကြောင်း ထိုဧည်သည်များထဲတွင် ရင်းနှီးမြှပ်နှံမှုများအတွက် ၀င်ရောက်လာသော နိုင်ငံခြား သာ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ကြောင်း၊ ထိုသူများအတွက် အခန်းခကြီးမြင့်မှုမှာ ပြဿနာမရှိနိုင်သော်လည်း သာမာန်အလည်အပတ် ခရီးသွားများအတွက်မှု အခက်အခဲများဖြစ်ပေါ်နေကြောင်း ဦးအေးကျော်က ဆက်ပြောသည်။
 
 “ဧည့်ဝင်ရောက်မှုနှုန်းက ၄၀%လောက် တက်လာတယ်။ အစုံပေါ့ ခရီးသွားတွေရော ရင်နှီးမြုပ်နှံမဲ့သူတွေပါ ဒလဟော ၀င်လာကြတယ်။ ဒီလိုအချိန်မှာ Tourism လုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်လာရင် အရေးယူမှကို ရမယ်။ တစ်ချို့ဟိုတယ်တွေက လူလည်ကျတယ်။ အခန်းကောင်းတာတွေရှိရဲ့နဲ့ နောက်လူတွေလာရင် ကျန်အောင်လို့ အပေါ်ဆုံး အထပ်တွေပဲ ရှိတော့တယ် ဆိုတာမျိုးပေါ့။ ဟိုတယ်ခတွေကလည်း လက်ရှိအချိန်မှာကိုပဲ နှစ်ဆလောက်တက်နေတယ်”ဟု ပတ္တမြားမြေခရီးသွားလုပ်ငန်းမှ MD ဦးအေးကျော်က လက်ရှိ ဟိုတယ်ဈေးကွက်အပေါ်တွင် ၄င်း၏ အမြင်ကို သုံးသပ် ခဲ့သည်။
 
လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဟိုတယ်အခန်းပေါင်း ရှစ်ထောင်(၈၀၀၀) ခန့်ရှိကြောင်းနှင့် အခန်း များအားလုံး နိုင်ငံတကာအဆင့်မီဖြစ်နေပါက တိုးမြှင့်လာသောဧည့်သည်အရေအတွက်ကို လက်ခံနိုင်မည့် အခြေအနေ ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1