Thursday, June 28, 2012

အောင်ဘာလေထီဖွင့်ပွဲအား မြ၀တီShopping Channel တွင် တိုက်ရိုက်ထုတ်လွှင့်မည်

Ever November | 6/28/2012 04:33:00 PM | Best Blogger Tips
ဇူလိုင်(၁)ရက်တွင် ကျင်းပမည့် (၂ ၈၂)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအား မြ၀တီရုပ်မြင်သံကြား  MWD Shopping Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
 
အဆိုပါအောင်ဘာလေထီဖွင့်ပွဲအခမ်းအနားအား မြ၀တီ Set Top Box ၀ယ်ယူထားသူများသာ ကြည့် ရူနိုင်မည်ဖြစ်ပြီး MWD Shopping Channel မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မြ၀တီ Set Top Box မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ထီဖွင့်ပွဲကို ပြည်သူတွေတိုက်ရိုက်ကြည့်ရှုနိုင်အောင်နဲ့ထုတ်လွှင့်ပေးမှာပါ။ ဖွင့်ပွဲအခမ်းအနား စတာကနေ ညနေထိ တောက်လျှောက်တိုက်ရိုက်လွှင့်ပေးမှာပါ။” ဟု မြ၀တီ Set Top Box မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထီပေါက်စဉ်သည် ညနေပိုင်းတွင် ထွက်သဖြင့် ထီထိုးထားသူများ ပေါက်မဲအက္ခရာနှင့်နံပတ်များအား ချက်ချင်းသိရှိနိုင်ရန် ရည်ရွယ်၍ ထုတ်လွှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါ ထီဖွင့်ပွဲ အခမ်းအနားစတင်သည့် နံနက်(၇း၄၀)မှ ညနေ(၄း၀၀)အထိ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ပြီး ကြားကာလများတွင် လူရွင်တော်များ၏ ပျက်လုံးများနှင့် ထီနှင့်ပတ်သက်သည့် အခြား ဗဟုသုတများကိုလည်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း မြ၀တီရုပ်မြင်သံကြားက သိရှိရသည်။

“ထီဖွင့်တာကို တိုက်ရိုက်ကြည့်ရမယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် မြ၀တီစက်ရှိမှ ကြည့်လို့ ရမှာဆိုတော့ သိပ်အဆင်မပြေဘူး။ free လိုင်းမှာ ပြရင်တော့ အားလုံးကြည့်လို့ရတာပေါ့။” ဟု ထီဝါသနာရှင်တစ်ဦးက ပြောသည်။

ယခင်နှစ်ကာလများက ယခုကဲ့သို တိုက်ရိုက်လွှင့်ခြင်း မရှိပဲ ဇူလိုင်(၁)ရက်နေ့တွင် ကျင်းပမည့်       (၂ ၈၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှစ၍ နောက်လတွေမှာလည်း ယခုကဲသို
ထုတ်လွှင့်သွား မည်ဖြစ်သည်။

ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက (၂၈၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာ (၃၁) လုံး ထိတိုး၍ ထီစောင်ရေ တိုးမြှင့်ထုတ်ဝေ ထားသော ထီဆုများကိုလည်း ပိုမိုပေးထားကြောင်းသိရသည်။

ထီစောင်ရေတိုးမြှင့်ထုတ်ဝေသဖြင့် ပြင်ပထီဆိုင်များတွင် ရန်ကုန်တွင် ထီတစ်စောင် ကျပ် ၂၅၀ အထိ ဈေးကျခဲ့သော်လည်း အချို့နေရာများတွင် ကျပ်(၄၀၀)အထိရောင်းချနေကြောင်း သိရသည်။
 
မန္တလေးမြို့ ၈၄ လမ်းရှိ ချမ်အေးသာစံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနတွင် ထီတစ်စောင်ကျပ် (၂၀၀)နှုန်း ဖြင့် လွတ်လပ်စွာရောင်းချပေးနေကြောင်းကိုလည်း သိရှိရသည်။
စည်သူနိုင်(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1