တနင်္ဂနွေ
စိတ်ကူးယဉ်မှု၊
အတွေးများမှု၊ တွေးခေါင်ပူပန်မှုတွေ များနေမည်။ အချစ်ရေးအတွက်ရင်လေးနေရတတ်သည်။
ကိုယ်ချစ်တဲ့ သူကိုမိဘတို့ကသဘောမတူ၊ မိဘသဘောတူတဲ့သူကိုကိုယ်ကမချစ်ဖြစ်နေမည်။
ကိုယ်ချစ်ကိုပဲယူသင့်ပါတယ်။
စွန့်စားတယ်ဆိုတာ နေရာတိုင်းမကောင်းပါ။
စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အလုပ်ကိစ္စ အဆင်ပြေမည်။ မိသားစုအတွက် စိတ်မပူရပါ။
ဝင်ငွေ၊ ထွက်ငွေမျှနေမည်။ ရစရာငွေ တောင်းမရ ဖြစ်နေတတ်ပါသည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - စိတ်ရှည်သည်းခံနေပါ။
ယတြာ -
အုန်းပင် ပေါက် ၁ပင် ကို ဘုရားကျောင်းဝင်း အတွင်းစိုက်ရန် တနင်္ဂနွေ နေ့တွင်လှူပါ။
တနင်္လာ
အားနာတိုင်း
မချစ်သင့်ပါ။ အချစ်ကနေ အမျက်ဖြစ်လာလိမ့်မယ်။ အရာရာကိုဖုံးကွယ်မထားသင့်ပါ။
မရည်ရွယ်ဘဲ ခရီးထွက် ရမယ်။ မမျှော်လင့်ပဲ ငွေဝင်လာမည်။ အလုပ်ပြောင်းရွှေ့ရမည်။
ပြောင်းတဲ့နေရာကောင်း ပါလိမ့်မည်။ ထီထိုးပါ။ ပေါက်မည်။ သူများအရှုပ်
ကိုယ့်အရှုပ်ဖြစ်တတ်ပါတယ်။ ငွေတော့ရပါလိမ့်မည်။ သို့သော် ငွေမမြဲတတ်ပါ။
အကြီးအကဲတို့က သင့်ကိုကူညီမှုပြုပါလိမ့်မည်။ ကျန်းမာရေးကောင်းနေမည်။
အကျိုးပေးဂဏန်း - ၁၊ ၅၊ ၇။
အထူးဟော - ဆင်ခြင်မှုလေးပြုသင့်ပါတယ်။
ယတြာ -
တနင်္လာနေ့တွင် အရှေ့ရပ်၌ ရှိသော ကလေးကို ချိုချဉ် ဝေလိုက်ပါ။
အင်္ဂါ
စိုးရိမ်မှု၊
ပူပန်တွေးတောမှု တွေဖြစ်နေမည်။ အချစ်ရေး သံယောဇဉ်အရေးတို့ရှုပ်ထွေးမယ်။ အတိုက်အခံတွေ
ရန်တွေကြုံမယ်။ အိမ်ထောင်ရှိသူတို့ အငယ်အနှောင်းတွေ့မယ်။ ရှုပ်မည်။ ရှင်းရတတ်သည်။
လူယုံမထားရ။ ငွေမချေးရ။ ပြန်မရတတ်ပါ။ အလုပ်ကိစ္စအောင်မြင်မယ်။
ခရီးဝေးယာယီသွားရမယ်။ မိဘသားချင်းအတွက်စိတ်ရှုပ်ရတတ်တယ်။ ၀င်ငွေအစုလိုက်ရမယ်။ ယဉ်၊
စက်တို့ ၀င်၊ ထွက်မယ်။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၁။
အထူးဟော - လျှို့ ၀ှက်ချက်တွေပေါ်မည်။
ယတြာ -
အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို ဇီးမုန့်ကပ်လှူပါ။
ဗုဒ္ဓဟူး
သံယောဇဉ်တွေများမည်။
၁ ယောက်သောသူနှင့်လက်ထပ်ဖြစ်မည်။ အိမ်ပြောင်းရတတ်သည်။ ခရီး ယာယီသွားရမည် ။
ငွေဝင်၊ ထွက်ကြမ်းမည်။ လူလိမ်၊ ငွေလိမ်ခံရမည်။ အလုပ်ရမည်။ အလုပ်အကိုင်တိုးတက်
ပြောင်းလဲမှုဖြစ်မည်။ ခြေထောက်၊ ဒူးခေါင်း နှင့် ခါးတို့ နာတတ်သည်။ သူတစ်ပါး
စက်ပစ္စည်း လက်မခံသင့်ပါ။ ကိုယ်ပိုင် စက်၊ ယာဉ် ၀င်မည်။ ကြီးသူ ၁ဦးချူချာမည်။
စီးပွားရေးလုပ်ငန်း တိုးချဲ့လုပ်ပါ။ အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၁၊ ၃၊ ၅။
အထူးဟော - လုပ်ငန်းပြောင်းလဲတိုးတက်မှုဖြစ်မည်။
ယတြာ -
ဗုဒ္ဓဟူးနေ့တွင် ဘုရားရင်၊ ၀မ်းတော်ကို ရွှေသင်္ကန်းကပ်လှူပါ။
ကြာသပတေး
သင်သည်
ဇွဲကောင်း၏၊ ပွင့်လင်း၏။ လူရွေးပေါင်း၏။ လွပ်လပ်မှုကိုလိုလား၏။ စိတ်လေနေသည်။
မာနကြီးတယ်ဟုပြောခံရ၏။ အချစ်ရေးမှာ လူရွေးတတ်၏။ ဆင်းရဲလျှင်၊ နိမ့်ကျလျှင်
မယူချင်တတ်ပါ။ သို့သော် သင့်အား လိမ်ညာ၍ ချစ်ရေးဆိုသူပေါ်မည်။ ၀ါဝါ
မြင်တိုင်းရွှေမထင်ပါနှင့်။ မှားတတ်ပါသည်။ ဂရုစိုက်ပါ။ အလုပ်အကိုင်မှာ
အတိုက်အခံရှိသည်။ မနာလိုသူ ပေါ်မည်။ ခရီးဝေး တစ်ခုသွားရမည်။ ကျန်းမာရေးဂရုစိုက်ပါ။
အမွေရမည်။ (သို့) ထီပေါက်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၅။
အထူးဟော - အကြိမ်ကြိမ် စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ -
ကြာသပတေးနေ့နံနက်တွင် အိမ်ဘုရားကို မုန့်ဆွမ်း ကပ်လှူပါ။
သောကြာ
ရည်ရွယ်ချက်များနေမည်။
ဆုံးဖြတ်ချက်တွေများနေမည်။ အလုပ်ပြောင်းလဲမှုဖြစ်မည်။ နေရာပြောင်းလဲမှုဖြစ်မည်။
စပ်တူစီးပွားရေးမလုပ်သင့်ပါ။ ကျန်းမာရေးချူချာမည်။ စက်၊ မြေတို့ ၀င်၊ ထွက်ဖြစ်မည်။
မရောက်ဘူး သောခရီးရောက်မည်။ ငွေ မချေးရ။ ပြန်မရတတ်ပါ။ အချစ်ရေးတွင် လက်ထပ်ဖြစ်မည်။
အိမ်ပြောင်းရမည်။ ငယ်ချစ်ဟောင်းနှင့် ပြန်ဆုံမည်။
အကျိုးပေး ဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - ယခု တစ်ပတ်ကာလအတွင်း အရာရာကို ဂရုတစိုက်ပြုမူသင့်ပါသည်။
ယတြာ -
သောကြာနေ့တွင် အိမ်ဘုရားကို သစ်သီး ၉ မျိုးလှူပါ။
စနေ
စိတ်ဓာတ်
ပြောင်းလဲမှု ပြုပြင်မှုတစ်ခုခု ဖြစ်လာမည်။ ကိုယ့်အရေးထက်မိသားစုအရေး ဦးစားပေး
နေရသလိုဖြစ်မည်။ တစ်ခါတစ်လေ ကိုယ့်အခွင့်အရေး ဆုံးရှုံးရမလိုဖြစ်မည်။ အလုပ်လည်းရ
ပညာရေး လည်း ဆက်သင်ဖြစ်မည်။ စီးပွားရေး လုပ်ငန်းတိုးချဲ့ရတတ်သည်။
စက်၊ယာဉ်တို့ဝင်မည်။ အချစ်ရေးကောင်းသည်။ အိမ်ထောင်ရေးမကောင်းသေးပါ။ ခရီးဝေး
ယာယီတွေသွားရမည်။ လုပ်ငန်းသစ်တိုးချဲ့ရတတ်သည်။ အောင်မြင် လာမည်။ အဝေးမှ စာ၊
လက်ဆောင်၊ဓာတ်ပုံ တို့ရမည်။
အကျိုးပေးဂဏန်း - ၃၊ ၈၊ ၁။
အထူးဟော - ကိုယ့်လက်ရှိ ထက် အဆင့်မြင့်မားလိမ့်မည်။
ယတြာ -
စနေနေ့တွင် စနေနံဘုရားကို ရေသက်စေ့ ရေသပ္ပာယ်လိုက်ပါ။
ဒေါက်တာ ထွန်းလင်း ( ဘုတလင် )
မြစ်မခသတင်းမီဒီယာ
No comments:
Post a Comment