Saturday, July 7, 2012

Android Jelly Bean နှင့် Nexus ထုတ်ကုန်သစ်များကို Google မိတ်ဆက်ပြသ

Ever November | 7/07/2012 08:26:00 PM | Best Blogger Tips

ပြီးခဲ့သည့်ရက်အနည်းငယ်ခန့်က ငါးကြိမ်မြောက်ကျင်းပခဲ့သည့် Google developer conference ဖြစ်သော Google I/O တွင် အဆင့်မြှင့်ထားပြီး Apple ၏ Siri ကဲ့သို့သော virtual assistant ပါဝင်သည့် Android 4.1 ခေါ် Jelly Bean ကိုမိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် Android မိုဘိုင်း operating system သစ်အသုံးပြုထားသည့် Nexus tablet သစ်နှင့် ဖျော်ဖြေရေးစနစ်သစ်ဖြစ်သည့် Nexus Q တို့ကိုလည်း Google ကုမ္ပဏီက မိတ်ဆက်ပြသခဲ့သည်။ Android operating system သစ် Jelly Bean ကို ဇူလိုင်လလယ်တွင် Galaxy Nexus, Nexus S နှင့် Motorola Xoom တို့အတွက် ဖြန့်ချိပေးမည်ဖြစ်သည်။ ၎င်းတွင်ဖုန်းအသုံးပြုသည့် အတွေ့အကြုံကို မြှင့်တင်ပေးထားသည့် Project Butter အပါအ၀င် feature သစ်များပါဝင်ပြီး Widget ထည့်သွင်းရာတွင်လည်း app များကို အလိုအလျောက်ရွေ့လျားပြီး အလွယ်တကူထည့်သွင်းနိုင်ရန်နှင့် လွတ်သည့်နေရာအရွယ်အစားအပေါ်မူတည်ပြီး Widget အရွယ်အစားကိုပြင်ဆင်နိုင်ရန် ပြောင်းလဲပြုလုပ်ပေးထားသည်။ Voice Typing ကို offline အနေဖြင့်အသုံးပြုနိုင်ရန် ပြုလုပ်ထားပြီး လက်ရှိတွင် US English ကိုသာ အထောက်အပံ့ပေးထားသော်လည်း နောက်ပိုင်းတွင် အခြားဘာသာစကားများကို ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။ ကင်မရာကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး film strip mode နှင့်အပေါ်ဘက်သို့ swipe လုပ်ရုံဖြင့် ဓာတ်ပုံများကို အလွယ်တကူဖျက်ပေးနိုင်ခြင်းအပြင် undo ခလုတ် တို့ကို ထည့်သွင်းပေးထားသည်။ Notification menu ကိုလည်း အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ပေးထားပြီး +၁ ခလုတ်၊ ဓာတ်ပုံများဝေမျှခြင်း၊ app ဖွင့်စရာမလိုဘဲ notification များကိုတုံ့ပြန်ခြင်း၊ notification များကိုဖြန့်ခြင်းအတွက် two finger gesture ဖြင့်ပြုလုပ်ခြင်းတို့ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Google Now ဟုခေါ်သည့် feature သစ်ကိုလည်း ထည့်သွင်းပေးထားပြီး ၎င်းသည် Card UI ကိုအသုံးပြုထားကာ လမ်းကြောင်းရှုပ်ထွေးမှုရလဒ်များ၊ ခရီးစဉ်များအတွက် စီစဉ်မှုများ၊ ကြိုတင်ချိန်းဆိုထားသည့် အစီအစဉ်များစသည်တို့ကို ပြောကြားပေးနိုင်သည်။ Nexus 7 tablet ကိုမူ Kindle Fire နှင့်ယှဉ်ပြိုင်နိုင်ရန် ထုတ်လုပ်ထားပြီး Android 4.1 (Jelly Bean), quad-core Tegra 3 ပရိုဆက်ဆာ၊ 8GB on-board flash သိုလှောင်မှုစနစ်၊ ၇ လက်မ WXGA (1280 x 800 pixel) IPS display တို့ကို အသုံးပြုထားသည်။ အလေးချိန် ၃၄၀ ဂရမ်ရှိပြီး အမေရိကန်ဒေါ်လာ ၁၉၉ ဖြင့် အမေရိကန်၊ ကနေဒါ၊ ယူကေနှင့် သြစတြေးလျနိုင်ငံများ၌ ဇူလိုင်လလယ်တွင် စတင်ရောင်းချမည်ဖြစ်သည်။ စက်လုံးပုံသဏ္ဍာန် Android ကွန်ပျူတာဖြစ်သည့် Nexus Q မှာ ဖျော်ဖြေရေးထုတ်ကုန်သစ်တစ်ခုဖြစ်ပြီး တီဗွီ၊ စပီကာများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။ Galaxy Nexus တွင်အသုံးပြုထားသည့် ပရိုဆက်ဆာကို အသုံးပြုထားပြီး Google Play နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက် content များကိုစောင့်စရာမလိုဘဲ ဖွင့်နိုင်မည်ဖြစ်သည်။ ၎င်းကို Nexus 7 ကဲ့သို့ ဇူလိုင်လလယ်တွင် play.google.com မှ တင်ပို့ရောင်းချမည်ဖြစ်ပြီး လက်လီရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၂၉၉ ဖြစ်သည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1