Friday, July 20, 2012

အစိုးရ၀န်ထမ်းများကို (၂)သိန်းဖုန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်

Ever November | 7/20/2012 12:35:00 PM | Best Blogger Tips
ဇူလိုင်လအတွင်း အစိုးရဝန်ထမ်းများအား ကျပ်နှစ်သိန်းတန်မိုဘိုင်းဖုန်းကဒ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန်အတွက် စတင်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။
 
အစိုးရဝန်ထမ်းအနေဖြင့် မိုဘိုင်းဖုန်းလိုင်းကဒ်များ အရစ်ကျဝယ်ယူလိုလျှင်ဇူလိုင်လအတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
 
အရစ်ကျဝယ်ယူရာတွင်ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်ဆိုပါကတစ်လလျှင်ကျပ်လေးသောင်းဖြင့် (၅)လ ပေးသွင်းရမည်ဖြစ်ပြီး၊ ကျပ်နှစ်သိန်းခွဲတန် WCDMAဖုန်း ဝယ်ယူမည်ဆိုပါက တစ်လလျှင် ကျပ် ငါးသောင်းဖြင့် (၅)လအရစ်ကျပေးသွင်း ရမည်ဖြစ်ကြောင်းသိရှိရသည်။
 
“ရောင်းချပေးရာမှာဝယ်ယူတဲ့ဝန်ထမ်းတွေအနေနဲ့ ကျပ်နှစ်သိန်းတန်ဂျီအက်စ်အမ်ဖုန်းနှင့်ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းတွေ ၀ယ်နိုင်တယ်၊ဘယ်ဖုန်းကိုမဆို ငါးလ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
 
ထိုကဲ့သို့ အရစ်ကျဝယ်ယူသူဝန်ထမ်းများအနေဖြင့် ပထမအရစ် စသွင်းပေးမည့်အချိန်မှစ၍ မိုဘိုင်းဆင်းမ် ကတ်များအား စတင်သုံးစွဲနိုင်မည်ဖြစ်သည်ဟုသိရသည်။
 
ယင်းဖုန်းများတွင်အင်တာနက်သုံးစွဲလိုပါကသုံးစွဲလိုသည့်အချိန်တွက်သတ်မှတ်နှုန်းထားဖြင့် သုံးစွဲနိုင်မည်ဖြစ်ကြောင်းကို လည်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အရစ်ကျဝယ်ယူထားသော မိုဘိုင်းဖုန်းအတွက် နောက်ဆုံးလကျသင့်ငွေကြေးကိုပေးချေပေးမည်ဆိုပါက ဖုန်းပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အထောက်အထားများကိုပေးအပ်သွားမည်ဖြစ်သည်။
 
“အစိုးရဝန်ထမ်းတွေထဲမှာလည်းတချို့လည်းကိုယ့်မှာတစ်လုံးရှိပေမယ့်အိမ်မှာတစ်လုံးလောက်လိုတယ်ဆိုရင်အရစ်ကျဆိုတော့ ဝယ်ထားကြမယ် ထင်ပါတယ်။ဒါပေမဲ့ နှစ်သိန်းဖုန်းက ဝယ်ပြီးတဲ့သူ တော်တော်များ နေပြီလို့ဆိုလို့ရပါတယ်။” ဟု အစိုးရဝန်ထမ်းတစ်ဦးက သူ့အမြင်ကို ပြောသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1