Friday, July 20, 2012

အာဇာနည်နေ့၌ ရွှေတိဂုံဘုရားသို့ လာရောက်သူဦးရေ ပုံမှန်နေ့ထက် သုံးဆကျော်များပြား

Ever November | 7/20/2012 12:29:00 PM | Best Blogger Tips

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့၌ ရွှေတိဂုံဘုရားသို့ တက်ရောက်သူဦးရေမှာ ပုံမှန်နေ့များထက် သုံးဆကျော် များပြားကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ ရရှိသည့် စာရင်းများအရ သိရှိရသည်။ 
ပျမ်းမျအားဖြင့် ရွှေတိဂုံဘုရားသို့ နေ့စဉ်တက်ရောက်သူဦးရေမှာ ၂၅၀၀၀ မှ ၃၀၀၀၀ ၀န်းကျင်သာ ရှိပြီး အာဇာနည်နေ့၌ လူဦးရေ ကိုး သောင်းကျော်တက်ရောက်ခဲ့ကြောင်း ရွှေတိဂုံဘုရားလုံခြုံရေးအဖွဲ့မှ ညနေ ၅ နာရီ ၀န်းကျင်၌ရရှိခဲ့သော စာ ရင်းများအရ သိရသည်။ 
နိုင်ငံခြားသား တက်ရောက်မှုများအနေဖြင့် ပုံမှန်အတိုင်းသာရှိခဲ့ပြီး ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ယာဉ် ရပ်နားစခန်းနှင့် ယာဉ်လမ်းကြောင်းများအား ယာယီပိတ်ထားသောကြောင့် အရှေ့ဘက်မုခ်နှင့် မြောက်ဘက်မုခ်များ၌ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု ပိုမိုများပြားခဲ့ကြောင်း သိရသည်။ 
''နိုင်ငံခြားသားခရီးသွားတွေ တက်တာတော့ ခါတိုင်းနေ့ထက် ပိုများတယ်။ ကျန်တဲ့ မုခ်နှစ်ခုက ပိတ်ထားလို့ ဒီဘက်က ပိုတက်တာလားတော့ မပြောတတ်ဘူး။ ကိုယ့်နိုင်ငံသားတွေကတော့ အာဇာနည်နေ့လည်းဖြစ်၊ ရုံးပိတ်ရက်လည်းဖြစ်တော့ ဘုရားဖူးလာတဲ့သူခါတိုင်းနေ့ ထက်များတာပေါ့'' ဟု ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှ တာဝန်ကျသူတစ်ဦးက ပြောပြခဲ့သည်။
ဘုရားဖူးလာရောက်သော နိုင်ငံခြားသားများအနက် ပြင်သစ်၊ တရုတ်၊ စင်္ကာပူ၊ သြစတြေးလျ၊ ဂျပန်နိုင်ငံသားများ အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် ထိုင်း၊ စပိန်၊ ဆွစ်ဇာလန်၊ ဟော်လန်နှင့် ဗြိတိန်နိုင်ငံသားတို့ လာရောက်မှုများကြောင်း၊ လူစီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြီးယား၊ အမေရိကား၊ တောင်ကိုရီးယား၊ တောင်အာဖရိကနှင့် ဂျာမဏီနိုင်ငံသားတို့ လာရောက်ခဲ့ကြောင်း သိရှိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1