Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာများတွေ့ဆုံခြင်း

Ever November | 7/17/2012 09:16:00 PM | Best Blogger Tips

"အန်တီတို့က ဘယ်ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့် ပါပဲ"

အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်၌ပြုလုပ်နေသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆဋ္ဌမမြောက်နေ့ မွန်းလွဲပိုင်းခေတ္တ ရပ်နား ချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမီဒီယာတို့ တွေ့ဆုံ မေးမြန်း ပြောကြားခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။
Media : အန်တီ့ရဲ့ အဆိုတွေ၊မေးခွန်းတွေကို ဘယ်တော့လောက်ကြားရမလဲ။ မေးခွန်း ၁၀ ခု၊ အဆို၁၀ အပြည့်အစုံတင်ပြီးသွားပြီလား။
DASSK : အဲဒါတော့မသိဘူး။အန်တီတို့ ဆုံးဖြတ်တာမဟုတ်ဘူး။တင်ထားတာပဲရှိတာ။ ဘယ်တော့လောက် လက်ခံမလဲဆိုတာ ဒီရုံးပေါ်မှာ မူတည်တယ်။ ပညာရေးနဲ့ ပတ်သက်တဲ့တစ်ခုတော့ တင်ထားတယ်။
Media : ကော့မှူးမြို့နယ်အတွက်ရှိလား။
DASSK : ကော့မှူးအတွက် သတ်သတ်တင်ဖို့မရှိပါဘူး။ ကော့မှူးမှာအန်တီက ကိုယ်တတ်နိုင်သလောက်လုပ်နေတယ်။ တချို့ကိစ္စတွေဆို မြို့နယ်အဆင့်က လုပ်ပေးရမှာ တော်တော်များတယ်။
Media : ဝန်ကြီးတွေအပြောင်းအလဲလုပ်မယ်လို့ သတင်းထွက်နေတဲ့အပေါ် သုံးသပ်ချက်လေးတစ်ခုလောက်။
DASSK : အပြောင်းအလဲဆိုတာအကောင်းဘက်ကို ဦးတည်ဖို့အရေးကြီးပါတယ်။ ဘယ်သူရယ်လို့မဟုတ်ဘူး။ သင့်တော်တဲ့သူဖြစ်ဖို့။ သင့်တော်တဲ့သူဆိုတာက နံပါတ်တစ်အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်အားသန်တဲ့သူဖြစ်ရမယ်၊ နံပါတ်နှစ်ကအလုပ်ကျွမ်းကျင်သူဖြစ်ရမယ်။
Media : လွှတ်တော်တက်တာသုံးရက်ရှိပြီဆိုတော့ လွှတ်တော်နိုင်ငံရေးအပေါ် ဘယ်လိုမြင်ပါသလဲ။
DASSK : ခြုံငုံပြီး ပြောရမယ်ဆိုရင်လွှတ်တော်ကို နည်းနည်းပိုပြီးလွတ်လွတ်လပ်လပ်ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် ကိုယ်စားလှယ်တွေဆိုတော့ ဝင်လိုက်ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးရစေချင်တယ်။ဥပမာ - တချို့ကိစ္စရပ်တွေမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ကိုယ့်ရဲ့စိတ်ဝင်စားမှုမဟုတ်ရင် တခြားမှာသွားပြီးတော့ကိုယ်စိတ်ဝင်စားတဲ့အဆိုတွေ ပြင်ဆင်ဆွေးနွေးဖို့ အနေအထားရှိရင် ကိုယ်စားလှယ်တွေ ပိုပြီးလွတ်လပ်တာပေါ့။အခုကျတော့ အားလုံးတစ်ချိန်တည်းမှာထိုင်၊ တစ်ချိန်တည်းမှာထ၊ ရင့်ကျက်တဲ့လွှတ်တော်တွေနဲ့ ကွာပေမယ့် နောက်တော့ တစ်ဆင့်ချင်းဖြစ်လာမယ်ထင်ပါတယ်။
Medai : NLD က လွှတ်တော်ရေးရာကော်မတီတစ်ရပ်ဖွဲ့ထားတယ်လို့သိရပါတယ်။ NLD ကိုယ်စားလှယ်တွေတင်သွင်းမယ့် အဆိုတွေကို စိစစ်ပြီးမှတင်သွင်းခွင့်ပြုမှာလား။ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ်တင်သွင်းခွင့်ပြုမှာလား။
DASSK : စိစစ်တယ်ဆိုတာကတင်သွင်းမယ့်အဆိုတွေ၊ တင်သွင်းပုံတင်သွင်းနည်းမှန်ရဲ့လားဆိုတာ ကြည့်ရပါတယ်။ တချို့က လုပ်ထုံးလုပ်နည်းတွေကို သိပ်မကျွမ်းကျင်သေးတာ၊နောက်တစ်ခုက ထပ်တလဲလဲမဖြစ်စေချင်ဘူး။ နောက်တစ်ခုက မလိုအပ်တဲ့အချက်အလက်တွေကို မထည့်ဖို့ပါ။လွှတ်တော်ရဲ့အချိန်ကို လေးစားသောအားဖြင့် တိတိကျကျတိုတိုတုတ်တုတ်ပြောဖို့ပါ။
Media : အဆိုတွေ၊ မေးခွန်းတွေအတွက် အချက်အလက်ရှာဖွေရလွယ်ကူမှုရှိလား။ ဘာအခက်အခဲတွေရှိလဲ။

DASSK : အန်တီအနေနဲ့ ပိုပြီးတော့အချိန်ယူလို့ရရင်ပိုကောင်းမယ်ထင်ပါတယ်။ နေပြည်တော်ဆိုတာ သီးသန့်နေရာဖြစ်နေတဲ့အတွက် ကိုယ်လိုတဲ့အချက်အလက်တွေရှာဖို့၊ သင့်တော်တဲ့ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးဖို့ သိပ်မလွယ်ဘူးဖြစ်နေတယ်။ အချိန်ယူလို့ရရင်ပိုကောင်းမယ်။
Media : အန်တီတို့ပါတီနဲ့ သူတို့ပါတီပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ပါပဲလို့ ဦးဌေးဦးတို့ဘက်က ပြောတဲ့အပေါ် ဘယ်လိုသဘောထားလဲ။
DASSK : အန်တီတို့က ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ပါပဲ။ ဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ဝန်မလေးပါဘူး။
Media : တခြားပါတီက ကိုယ်စားလှယ်တွေရဲ့ အဆိုကိုဝင်ရောက်ဆွေးနွေးဖို့ ပြင်ဆင်ထားတာရှိလား။
DASSK : အန်တီ့အနေနဲ့ တော့ မရှိပါဘူး။ NLD က ကိုယ်စားလှယ်တွေဝင်ရောက်ဆွေးနွေးဖို့ရှိပါတယ်။
Media : ဒီကိုလာတာ အတိုက်အခံလုပ်ဖို့မဟုတ်ဘူးလို့ NLD ကိုယ်စားလှယ်တွေကို မှာထားတယ်လို့ကြားပါတယ်။
DASSK : ဒီမိုကရေစီဆိုတာ အတိုက်အခံအဖွဲ့အစည်းရှိရပါမယ်။ အန်တီဆိုလိုချင်တာက ရန်လုပ်ဖို့လာတာမဟုတ်ဘူး။ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး။စည်းစည်းလုံးလုံးနဲ့ နိုင်ငံအကျိုးပူးပေါင်းဆောင်ရွက်ဖို့လာတာ။ အင်္ဂလိပ်စကားပုံမှာရှိပါတယ်။ Loyal Oppositionသစ္စာစောင့်သိတဲ့ အတိုက်အခံ၊နိုင်ငံအပေါ် သစ္စာစောင့်သိတဲ့ အတိုက်အခံအဖွဲ့အစည်းအမြင်နဲ့လုပ်မယ်။ဘယ်သူ့ကိုမှ တိုက်ချင်ခိုက်ချင်လို့မဟုတ်ဘူး။ နိုင်ငံကိုအကျိုးပြုချင်လို့၊ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင်လည်းပူးပေါင်းဆောင်ရွက်မယ်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1