Tuesday, July 17, 2012

အမေရိကန် ပြည်ထောင်စု၌ မိုးကြိုးပစ်ချမှုဖြစ်ပွား

Ever November | 7/17/2012 04:01:00 PM | Best Blogger Tips

အမေရိကန် ပြည်ထောင်စုတက္ကဆက်ပြည်နယ်၌ဇူလိုင်၁၅ရက်ကအားကစားကွင်းတစ်ခုအတွင်း ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်ချခဲ့ရာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ပြောကြားသည်။ အဆိုပါ မိုးကြိုးပစ်ချမှုသည် တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ မြောက်ပိုင်းရှိ အားကစားကွင်း တစ်ခု၌ ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ၌ပင် တစ်ဦးပွဲချင်းပြီး သေဆုံးပြီး အခြားတစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးခဲ့သူနှစ်ဦးနှင့် ဒဏ်ရာရရှိသူတစ်ဦးတို့မှာ မိုးကြိုးပစ်ချချိန်တွင် ပြိုလဲလာသည့် သစ်ပင်တစ်ပင်၏ အောက်၌နေ၍ ဘောလုံးပွဲ ကြည့်နေစဉ် ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူတစ်ဦး၏ အခြေအနေမှာ ယခုအချိန်တွင် စိုးရိမ်ဖွယ် မရှိတော့ကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1