ဒီနေ့ကျရောက်တဲ့ နှစ် ၅၀ မြောက်၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ပါတယ်။
ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်ကျင်းပရတဲ့အကြောင်းရင်းတွေကို ပြောဆိုခဲ့ကြပြီး၊
နောင်လာနောက်သားတွေ
အနေနဲ့ သမိုင်းဝင်နေ့ကို မမေ့ကြဖို့၊ လက်ဆင့်ကမ်း ဝေမ
ျှကြဖို့ ပြောဆိုတိုက်တွန်းခဲ့ပါတယ်။
ပြည်တွင်းမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့နဲ့ ပတ်သက်ပြီး ဗကသ ကျောင်းသားလူငယ်တွေကို ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ကြပါတယ်။
“တရက်ပဲ ဖမ်းဖမ်း၊ တလပဲ ဖမ်းဖမ်း၊ တစက္ကန့်ပဲ ဖမ်းဖမ်း၊ ဖမ်းတယ်ဆိုတာဟာ ဖမ်းတာပါပဲ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်၊ ဒီမိုကရေစီ အစိုးရဖြစ်နေပါတယ်ဆိုနေပေမယ့် ဒီလို ထိန်းသိမ်းတယ်ပြောပြော၊ ခေါ်မေးတယ်ပြောပြော၊ ဒါမျိုးတွေ လုပ်နေတာဟာ အခုအချိန်မှာ မဖြစ်သင့်ဘူး” လို့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ပါတယ်။
ဂျူလိုင်လ ၇ ရက်နေ့ ၁၉၆၂ ခုနှစ်
ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရတဲ့ ကျောင်းသားတွေ၊ ဂျူလိုင်လ ၈
ရက်နေ့မနက်ခင်း ကျောင်းသားသမဂ္ဂ ဖောက်ခွဲခံရတဲ့အချိန်မှာ သေဆုံးသွားခဲ့ရတဲ့
ကျောင်းသူကျောင်းသားတွေကို အလေးပြုတာ၊ သေဆုံးသွားခဲ့သူတွေအတွက်
ရည်စူးပြီး ရေစက်ချ အမျှဝေတာ၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ်
လှူဒါန်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ပြည်တွင်းမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့နဲ့ ပတ်သက်ပြီး ဗကသ ကျောင်းသားလူငယ်တွေကို ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ကြပါတယ်။
“တရက်ပဲ ဖမ်းဖမ်း၊ တလပဲ ဖမ်းဖမ်း၊ တစက္ကန့်ပဲ ဖမ်းဖမ်း၊ ဖမ်းတယ်ဆိုတာဟာ ဖမ်းတာပါပဲ။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်၊ ဒီမိုကရေစီ အစိုးရဖြစ်နေပါတယ်ဆိုနေပေမယ့် ဒီလို ထိန်းသိမ်းတယ်ပြောပြော၊ ခေါ်မေးတယ်ပြောပြော၊ ဒါမျိုးတွေ လုပ်နေတာဟာ အခုအချိန်မှာ မဖြစ်သင့်ဘူး” လို့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောဆိုခဲ့ပါတယ်။
ဧရာဝတီဘလော့ဂ်
No comments:
Post a Comment