Friday, July 20, 2012

မြောင်မြို့ ဓာတ်ပေါင်းမြဉ္ဖူစေတီမှ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိ

Ever November | 7/20/2012 12:27:00 PM | Best Blogger Tips
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ မြို့လယ်ရပ်ရွှေပေါ်ကျွန်းဘုရားဝင်းအတွင်း အရှေ့မြောက်ရပ်ရှိ ဓာတ်ပေါင်းမြဉ္ဖူစေတီအား ပြုပြင်မွန်းမံရာ၌ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိကြောင်းဒေသခံများက ဆိုသည်။
 
'ဦးဇင်းတို့ ဓာတ်ပါင်းမြဉ္ဖူစေတီပြုပြင်နေစဉ်အတောအတွင်းမှာရှေးဟောင်းဆင်းတုတော်တွေကို စေတီ ဌာပနာတိုက်ထဲက   တွေ့တယ်။ပထမ၀ါဆိုလပြည့်နေ့မှာ စတွေ့တယ် လပြည့်ကျော်(၅)ရက်နေ့မှာဌာပနာတိုက်ဖွင့်တယ်၊ အထဲမှာ နံရံဆေးရေးပန်းချီတွေနဲ့ ရှေးဟောင်းဘုရား(၃၃)ဆူုတွေ့တယ်”ဟု ဒန်းကျောင်း ဆရာတော် ဦးက၀ိဓဇ ကမိန့်ကြားသည်။
 
 အဆိုပါရှေးဟောင်းဆင်းတုတော်များမှာ ကျောက်ဆင်းတုတော်(၆)ဆူ၊နှီးဆင်းတု(၁၁)ဆူတွေ့ရှိခဲ့ကြောင်း ထိုအထဲမှ (၆)ဆူအားမူလတွေ့ရှိသည့်နေရာတွင် ပြန်လည်ပူဇော်ခဲ့ကြောင်းနှင့် ကျန်ဆင်းတုတော်(၂၇)ဆူအား  ရွှေပေါ်ကျွန်းဘုရား အာရုံခံအတွင်းတည်ထားကိုးကွယ်၍နှစ်စဉ်ဘုရားပွဲပြုလုပ်သွားရန် စီစဉ်ထားကြောင်းကို လည်း ဆရာတော်ကထံကသိရှိရသည်။
 
ဓာတ်ပေါင်းမြဉ္ဖူစေတီအတွင်းမှ တွေ့ခဲ့ရသော ရှေးဟောင်းဘုရားဆင်းတုများသည်တန်ဖိုးမဖြတ်နိုင်သော သာသနာ့ အမွေအနှစ်များဖြစ်သောကြောင့်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း သံဃာ တော်များထံကသိရသည်။
 
ဓာတ်ပေါင်းမြဉ္ဖူစေတီမှာ ရွှေပေါ်ကျွန်းဘုရားကြီးထက်စောစီးစွာတည်ရှိခဲ့ကြောင်း ဆရာတော်ဦးက၀ိဓဇမှ ဆက်လက်မိန့်ကြားသည်။
 
ရွှေပေါ်ကျွန်းဘုရား(ဦးဘုရား)ကြီးသည် ပုဂံခေတ်၌် အလောင်းစည်သူမင်းကြီးတိုင်းခန်းလှည့်လည်ရာတွင် တည်ထားကိုးကွယ်ခဲ့သောဘုရားကြီးဖြစ်ကြောင်းကိုလည်း ရွှေပေါ်ကျွန်းဘုရားသမိုင်းက သိရှိရသည်။
မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1