Saturday, July 7, 2012

ကလေးငယ်ထောင်ပေါင်းများစွာ အကာအကွယ်လိုအပ်နေကြောင်း ပြောကြား၍ ဂျက်ကီချန်း မြန်မာ နိုင်ငံက ပြန်လည်ထွက်ခွာ

Ever November | 7/07/2012 07:41:00 PM | Best Blogger Tips
ကမ္ဘာကျော်ကွန်ဖူးမင်းသားကြီးဂျက်ကီချန်း၏ မြန်မာပြည်တတိယနေ့ခရီးစဉ်တွင် ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ်၌ မီဒီယာသမားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
 
လူကုန်ကူးခံရခြင်းမှလွတ်မြောက်လာသည့် ကလေးသူငယ်များလာရောက်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ယူနီဆက်ချစ်ကြည်ရေး အထူးသံတမာန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချန်းလာရောက်ခြင်းဖြစ်သည်။
 
အဆိုပါ ခရီးစဉ်တွင် လူကုန်ကူးခံရသည့် ကလေးသူငယ်များ ၊ မိဘမဲ့ကြီးပြင်းလာသည့် ကလေး သူငယ်များ၊ လမ်းပေါ်တွင် အရွယ်မရောက်မီ အလုပ်လုပ်နေသည့် ကလေးသူငယ်များနှင့် လမ်းပေါ် တွင် အသက်ရှင်ရပ်တည်နေသည့်   လေလွင့်ကလေးသူငယ်များ၊ အိပ်(ခ်ျ)အိုင်ဗွီရောဂါပိုး ကူးစက်ခံ ရသော ကလေးသူငယ်ထောင်ပေါင်း များစွာနှင့်   မြန်မာနိုင်ငံတွင်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
 
“မြန်မာပြည်မှာကျွန်တော်တွေ့ဆုံခဲ့တဲ့ကလေးတိုင်းလိုလိုကကျွန်တော့်ကိုအားကျနေပါတယ်။လူကူးခံရ တဲ့ယောက်ျားလေးတွေရော   မိန်းကလေးတွေရော သူတို့ကိုယ်သူတို့ ပိုမိုကောင်းမွန်တဲ့ဘ၀ကို တည်ဆောက်သွား  မယ်ဆိုတဲ့ သူတို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်တွေ သူတို့ရဲ့ အကောင်းမြင်တဲ့ စိတ်ဆန္ဒတွေ ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲလေးစားမိပါတယ်”ဟု မစ္စတာချန်းက ရန်ကုန်မြို့ဆီဒိုးနားဟိုတယ် တွင် ပြောကြားသည်။
 
မန္တလေးမြို့နယ်သို့ ရောက်ရှိနေစဉ်အတွင်း မလေးရှားနိုင်ငံသို့ တောင်းစားရန် လူကုန်ကူးခံရပြီး   ပြန်လည် လွတ်မြောက် လာသော အသက် (၁၂)အရွယ်မောင်ဇော်နှင့်တွေ့ဆုံခဲ့ပြီး အသက်(၁၀)နှစ် တွင် တစ်ကြိမ် အသက် (၁၇)နှစ်တွင် တစ်ကြိမ် ၊ နှစ်ကြိမ်တိုင်လူကုန်ကူးခံရသည့် မမိမိအမည်ရှိ မိန်းကလေး တို့လို လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူ များနှင့် လည်း တွေ့ဆုံခဲ့ကြောင်း မစ္စတာ ဂျက်ကီချန်းကဆက်ပြောသည်။
   
“ကျွန်တော်တို့အနေနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အများကြီး အလုပ်လုပ်ဖို့လိုနေ တယ်ဆိုတာကို သိခဲ့ရပါတယ်၊ အထူးသဖြင့် ဆိုးဝါးတဲ့လူကုန်ကူးတဲ့ ရာဇ၀တ်မှုတွေကို အဓိက ကာကွယ် လုပ်ဆောင်နိုင်ဖို့အတွက်   ဖြစ်ပါတယ်”ဟု ယူနီဆက်ချစ်ကြည်ရေးသံတမန်ကြီး မစ္စတာ ဂျက်ကီချန်းက ပြောသည်။
 
ဂျက်ကီချန်းသည် တရုတ်နိုင်ငံတွင် ၂၀၀၅ ခုနှစ်မှစ၍ ဝေးလံခေါင်းပါးသောဒေသများတွင် နေထိုင် လျှက်ရှိသည့် သက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအတွက် အကူညီပေးရန် “နဂါးနှလုံးသား ဖောင်ဒေးရှင်း”အား တည်ထောင်ခဲ့ကြောင်း သိရှိရသည်။
 
ဂျက်ကီချန်းသည် ၂၀၀၄ ခုနှစ်ကတည်းကစ၍ ကလေးသူငယ်များအတွက် လူသားချင်းစာနာမှုဆိုင် ရာ လုပ်ငန်းများကို မြှင့်တင်နိုင်ရန် ယူနီဆက်၏ ချစ်ကြည်ရေးသံတမန်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
 
ယူနီဆက်ချစ်ကြည်ရေး အထူးသံတမန်ကွန်ဖူးမင်းသားကြီးဂျက်ကီချန်းသည် ဇွန်လ(၅)ရက်နေ့တွင် ကိုယ်ပိုင်လေယာဉ်ဖြင့် မန္တလေးသို့ရောက်ခဲ့ပြီး၊ ဇူလိုင်လ(၇) ရက်နေ့ ညနေ (၃) နာရီတွင် ရန်ကုန် Sedona Hotel သိုရောက်ရှိကာ သတင်းသမားများနှင့်တွေ့ဆုံခဲ့သလို  ဇူလိုင်လ(၈)ရက်နေ့တွင်  မြန်မာပြည်မှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1