Thursday, July 19, 2012

 ရန်ကုန်-မန္တလေး လမ်းဟောင်းအား လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT ကုမ္ပဏီများသို့ ညွှန်ကြားထား

Ever November | 7/19/2012 08:01:00 PM | Best Blogger Tips
 ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ဖြူးလမ်းပိုင်း တစ်နေရာအား ဇူလိုင်လ ဒုတိယပတ်က တွေ့ရစဉ်

ရန်ကုန်-မန္တလေးလမ်း၌ တစ်နေ့လျှင် ပျမ်းမျှယာဉ်အစီးရေ ၂၅၀၀ အထက် ဖြတ်သန်းသွားလာနေသည့် လမ်းပိုင်းများကို လေးလမ်းသွားအဖြစ် တိုးချဲ့ရန် BOT ကုမ္ပဏီများသို့ ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လွင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့လမ်းတိုးချဲ့ရာ၌ ၄၈ ပေအကျယ်လေးလမ်းသွားလမ်းအဖြစ် တိုးချဲ့ဆောင်ရွက်ရန်နှင့် တစ်နေ့ပျမ်းမျှ ယာဉ်အစီးရေ စာရင်းအပေါ်မူတည် ၍ လမ်းအကျယ်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ ၀န်ကြီးဦးကျော်လွင်က  ဆက်လက် ပြောကြားခဲ့သည်။
“ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ သွားလာနေတဲ့ယာဉ်တွေ မှာ ခရီးသည်တင်ယာဉ်၊ ကုန်တင် ယာဉ်တွေသွားလာဖို့ကို ကန့်သတ်မထားပါဘူး။ အမြန်လမ်းမှာသာ ခရီးသည်တင်ယာဉ်တွေပဲ သွားလာ ခွင့်ပြုထားတာပါ။ လက်ရှိ ရန်ကုန်-မန္တလေးလမ်းမှာတော့ ရန်ကုန်ကနေ မန္တလေးအထိကို ဂိတ် ၁၁ ဂိတ်ရှိပါ တယ်။ တချို့ဂိတ်တွေက လမ်းပြု ပြင်မှုတွေရှိပေမယ့် တချို့လမ်းပိုင်းတွေမှာတော့ သိသာတဲ့ပြင်ဆင်မှု တွေ မတွေ့ရပါဘူး”ဟုလည်း ဘုရင့် နောင်ရှိကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
အလားတူကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကလည်း “ရန်ကုန်-မန္တလေးလမ်းဟောင်းကို တိုးချဲ့မယ်ဆိုရင် လမ်းအလယ်မှာ လမ်းလယ်ကျွန်းထည့်ပြီး တိုးချဲ့ဖို့အကြံပြု လိုပါတယ်။ အလယ်မှာလမ်းလယ်ကျွန်းရှိမယ်ဆိုရင် ဟိုဘက်နှစ်လမ်း၊ ဒီဘက်နှစ်လမ်းဖြစ်သွားအောင်ပါ။ ယာဉ်တစ်စီးနဲ့တစ်စီး ကျော်တက်လို့ မလိုအပ်တဲ့ ယာဉ်တိမ်းမှောက်မှုတွေ မဖြစ်အောင် လမ်းလယ်ကျွန်းထည့် သင့်ပါတယ်။ လမ်းကောင်းလာမယ်ဆိုရင် ကုန်စည်စီးဆင်းမှုပိုမြန်မယ်။ အချိန်ကုန်သက်သာမယ်။ ကုန်ကျ စရိတ်တွေလည်း သက်သာလာမယ်” ဟုလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းအား လေးလမ်းသွားအဖြစ် တိုးချဲ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။ 
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1