Saturday, July 7, 2012

Developer များအတွက် Google မျက်မှန်ကို လာမည့်နှစ်တွင်ရောင်းချမည်

Ever November | 7/07/2012 08:58:00 PM | Best Blogger Tips

Project Glass ၏ ပထမဦးဆုံးထုတ်ကုန်ဖြစ်ပြီး Google ၏ကွန်ရက်နှင့် အသုံးပြုနိုင်သည့် ကွန်ပျူတာစနစ်သုံးမျက်မှန်ကို လာမည့်နှစ်တွင် စိတ်ပါဝင်စားသူများထံ တင်ပို့ရောင်းချရန် စီစဉ်ထားကြောင်း Google ကုမ္ပဏီကို တွဲဖက်တည်ထောင်သူ Sergey Brin ကပြောကြားခဲ့သည်။

အဆိုပါမျက်မှန်ကို Google က Google I/O တွင် Google+ hangout နှင့် သရုပ်ပြသခဲ့ခြင်းဖြစ်သည်။ ၎င်း Google မျက်မှန်များသည် လူသုံးကုန်ပစ္စည်းများမဟုတ်ဘဲ အမေရိကန်နိုင်ငံတွင်နေထိုင်သည့် Google I/O ပြပွဲသို့ တက်ရောက်သူများအတွက်သာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း Brin မှပြောကြားခဲ့သည်။ Google မျက်မှန်တွင် built-in Wi-Fi နှင့် Bluetooth ပါဝင်ပြီး 3G နှင့်အသုံးမပြုနိုင်သော်လည်း မိုဘိုင်းအချက်အလက်ကွန်ရက်များဖြင့် အသုံးပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း Brin က အင်တာဗျူးတစ်ရပ်တွင်ပြောကြားခဲ့သည်။ ၎င်း Google မျက်မှန်များကို အမေရိကန်နိုင်ငံတွင်နေထိုင်သည့် Google I/O ပြပွဲသို့တက်ရောက်သူများအား အမေရိကန်ဒေါ်လာ ၁,၅၀၀ ဖြင့်ရောင်းချခဲ့ပြီး အခြားစိတ်ပါဝင်စားသူများထံ လာမည့်နှစ်အစောပိုင်းတွင် ရောင်းချမည်ဟု သိရသည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1