Sunday, July 1, 2012

The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှုအား ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်မံခေါ်ယူ၊ ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းတွင် တရားလိုစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး တစ်ဖက်ရှေ့နေမှ ပြန်လှန်မေးခွန်းများ မေးမြန်းခဲ့

Ever November | 7/01/2012 08:22:00 PM | Best Blogger Tips
ဇွန်လ ၂၈ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှုအားလာမည့် ဇူလိုင်လ ၁၂ ရက်နေ့သို့ ရုံးချိန်းထပ်မံပေးထားပြီး ဇွန်လ ၂၈ရက်နေ့ကပြုလုပ်သည့် ရုံးချိန်းတွင် တရားလို သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုအား စစ်ဆေးလျှောက်ထားမှု ပြုလုပ်စေပြီး The Voice ဂျာနယ်အတွက် လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်တရားရုံးတွင် ယနေ့ ကြားနာစစ်ဆေးခဲ့သည့် သတ္တုတွင်း ၀န်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်တွင် ကြားနာစစ်ဆေးမှုပြီးဆုံးခဲ့ပြီး လာမည့်ဇူလိုင် ၁၂ ရက်နေ့ကိုရုံးချိန်း ထပ်မံပေးထားကြောင်း သိရှိရသည်။
ယခုအမှုမှာ ဒဂုံမြို့နယ် တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ်တရား စွဲဆိုထားခြင်းဖြစ်သည်။
ဇွန်လ ၂၈ ရက်နေ့က ဒဂုံ မြို့နယ်တရားရုံးတွင်ပြုလုပ်ခဲ့သည့်  ကြားနာစစ်ဆေးမှုတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက ]The Voice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃၊ မတ် ၁၂- ၁၈/၂၀၁၂ နေ့စွဲဖြင့်ထုတ်ဝေသော ဂျာနယ်၏မျက်နှာဖုံးတွင် “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ” ဆိုသောခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှုမှာ သတ္တုတွင်းဝန်ကြီး ဌာနတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့စေသည့်အတွက် The Voice ဂျာနယ်တာဝန်ရှိသူများ အပေါ် ထိရောက်စွာ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်း ဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုချက် ပေးခဲ့သည်။
ထို့အပြင် ဦးဇော်ကိုကိုက ယခုကိစ္စမှာ သတင်းမီဒီယာများကို နစ်နာစေလိုသောကြောင့် တရားစွဲရခြင်း  မဟုတ်ဘဲ ယခုသတင်းကို အခြားဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသော်လည်း ဌာနမှအဆိုပါ ဂျာနယ်ကိုတရားစွဲမှုမပြုလုပ်ခဲ့ကြောင်းTheVoiceဂျာနယ်တွင် ရေးသားဖော်ပြချက် ဖြစ်သော ငွေကြေးအလွဲ
သုံးစားပြုခြင်း၊ ငွေစာရင်း မမှန်မကန်ဖော်ပြခြင်းမျိုး ၎င်းတို့ဝန်ကြီးဌာနတွင် မရှိသောကြောင့် The Voice ဂျာနယ်ကိုသာ တရားစွဲရခြင်းဖြစ်ကြောင်းကိုလည်း တရားရုံးတွင် ထည့်သွင်းလျှောက် ထားခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူ  အမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုအား ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ်ဆေးခဲ့သည့် ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့် အမှုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိ စစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ်ဘက်မှ လျှောက်ထားမှုအား ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့် အမိန့်ချမှတ်ခဲ့ကြောင်းလည်း ထပ်မံသိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1