Sunday, August 12, 2012

ဘင်္ဂလားဒေ့ရှ် ဗလီတစ်ခုကို မိုးကြိုးပစ်၊ လူ၁၃ ဦးသေဆုံး

Ever November | 8/12/2012 03:20:00 PM | Best Blogger Tips

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဝေးလံခေါင်သီတဲ့ကျေးရွာလေးတစ်ရွာက ယာယီဗလီသေးလေးတစ်ခုကို မိုးကြိုးပစ်တာကြောင့် ဥပုသ်ကာလဆုတောင်မှုပြုနေကြတဲ့ မွတ်စလင် ၁၃ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံရဲတွေကပြောပါတယ်။

မြို့တော်ဒါကာရဲ့ အရှေ့မြောက်ဘက် ၁၂၅ မိုင်အကွာမှာတည်ရှိတဲ့ ဆာရာစွာတစ်ပါ ဆိုတဲ့ရွာလေးက သက်ကယ်အမိုးအကာနဲ့ ဗလီသေးလေးကို ပြီးခဲ့တဲ့သောကြာနေ့က အင်းအားပြင်ထန်တဲ့ မိုးကြိုးထိမှန်ခဲ့တာကြောင့် ၀တ်ပြုဆုတောင်းနေသူဘာသာရေးခေါင်းဆောင်လည်းသေဆုံးခဲ့ပါတယ်။ အဲသည့်အချိန်က ၀တ်ပြုဆုတောင်းသူ ၃၅ ဦးရှိနေခဲ့တယ်လို့ ရဲကပြောပါတယ်။

`ဦးဆောင်ဝတ်ပြုသူဘာသာရေးခေါင်းဆောင်အပါအ၀င် ၁၃ ယောက်စလုံးက ပွဲချင်းပြီးသေသွားခဲ့တယ်။ အချို့လူတွေရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်တွေကို မီးလောင်ကျွမ်းကုန်တယ်´ ဟု အလမ် ဆိုသူကပြောတယ်။ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးထဲက ခြောက်ဦးကို ဆေးရုံတင်ထားရတယ်လို့လည်း သူကဆက်ပြောတယ်။

မိုးကြိုးပစ်ခြင်းတွေဟာ အဲသည့်ဒေသမှာတော့ အဓိကအန္တရာယ်ဖြစ်ပြီး အများအားဖြင့် မုတ်သုန်ရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်းမှာ ဖြစ်ပွားလေ့ရှိပါတယ်။
YPI facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1