Sunday, August 19, 2012

ကန်ကြီးဒေါင့်မြို့ ဈေး ခေါင်မိုးများအထိ ရေနစ်မြုပ်နေ

Ever November | 8/19/2012 09:42:00 AM | | Best Blogger Tips

ကန်ကြီးဒေါင့်မြို့ ရေနစ်မြုပ်လျှက်ရှိသည်ကို သြဂုတ်လ ၁၈ ရက်နေ့ က မြင်တွေ့ရစဉ်
                                                         ရေနစ်မြုပ်နေသည့် လူနေအိမ်များ
မြို့တွင်း မြင်ကွင်း
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်သုံးခုအပါအ၀င်ကျေးရွာအုပ်စု ၄၂ စု သည် ရေလွှမ်းမိုးမှုခံနေရပြီဖြစ်ပြီး အရေးပေါ် ဆန်၊ရေ၊စားစရာများလိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျောင်းကုန်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၇၀ ခန့်ဖွင့်လှစ်ထားရှိပြီး ၊ဘုန်းတော်ကြီးကျောင်း စာသင်ခန်းကျောင်းအများ စုတွင် ဖွင့်လှစ
်ထားသည့် အဆိုပါကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသောဦးရေမှာ ၇၆၆၈ ဦးရှိကြောင်း သတင်းရရှိသည်။ ရေနစ်မြှုပ်နေသော ကျေးရွာအုပ်စု ၄၂ တွင်နေထိုင်သူဦးရေမှာ ၂၀၇၇၂ ဦးဖြစ်ပြီး၊ အချို့မှာ ရေမြှုပ်နေသော၎င်းတို့အိမ်အပေါ်တွင်စင်များထိုးကာ နေထိုင်လျက်၇ှိကြောင်း 7day News သတင်းထောက်က သတင်းပေးပို့သည်။
ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧကစုစုပေါင်း ၁၁၈၀၁၆ ရှိသည့်အနက် စိုက်ပြီးဧကမှာ ၁၀၁၁၇၅ ဧက ရှိသည်။ လက်ရှိ ၃၆၄၁၅ ဧကနှင့်လယ်ကွင်းပေါင်း ၁၅၇ ကွင်းမှာ ရေနစ်မြှုပ်နေပြီဖြစ်ပြီး ပျက်စီးနေသည့် လက်မြေဧကပေါင်း ၁၁၇၁၅ ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ
ရရှိသည့်စာရင်းများအရ သိရှိရသည်။
moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1