Sunday, August 19, 2012

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ပထမအကြိမ်စည်းဝေး

Ever November | 8/19/2012 09:04:00 PM | Best Blogger Tips

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခ ပြဿနာတွေရဲ့ အဖြေကို ဖော်ထုတ်နိုင်ဖို့ သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံးအကြိမ် လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေးကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
ဒီစုံစမ်းရေးကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေတဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးမျိုးမြင့်က ရိုဟင်ဂျာ အရေးဟာ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမယ့် အရေးဖြစ်ကြောင်း ဒီကနေ့ အစည်းအဝေးမှာ အခုလို ပြောပါတယ်။
"ဒီလူတွေက ဒီထဲမှာ ရောက်နေတယ်။ သူများကလည်း လက်မခံဘူး။ အဲဒီတော့ tension တွေက ရှိအုန်းမှာပဲ။ ဘယ်လို mechanism တွေသုံးမလဲ။ ကျွန်တော်တို့ စဉ်းစားရမယ်။"
အစည်းအဝေးကို ကော်မရှင်အဖွဲ့ဝင် အဖြစ် တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ကလည်း ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်အရေး စုံစမ်း မေးမြန်းချက်တွေကို ကော်မရှင်ကို မျှဝေပေးမယ့် အပြင် နိုင်ငံသားဖြစ်ရေးကိစ္စနဲ့ ပတ်သက်လို့ အပြီးသတ် အဖြေတစ်ခု ရရှိဖို့ မျှော်လင့်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။
"ဒီကိစ္စဟာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စနဲ့ပါ ပတ်သက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနောက်ဖက်ခြမ်း ရခိုင်ကိစ္စသာ မဟုတ်ပဲနဲ့ ကျွန်တော်တို့ နိုင်ငံ ပတ်ပတ်လယ် ခြံစည်းရိုးတွေအားလုံး ဆက်စပ်တဲ့ အဖြေတခုပါ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး စုံစမ်း စစ်ဆေးရေး ကိစ္စရပ်တွေကို ဆောင်ရွက်မယ့် အပြင်၊ အဲဒီဒေသမှာ ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်မတော်အရာရှိ တစ်ချို့နဲ့ လဝကဝန်ထမ်း တစ်ချို့ကိုလည်း မေးမြန်းဖို့ ရှိပါတယ်။
ဒီအတောအတွင်း ကော်မရှင်အနေနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့လည်း လာမယ့် သီတင်းပတ် အင်္ဂါနေ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1