ဒီကနေ့ သြဂုတ်လ ၁၂ ရက်နေ့၊ထိုင်း ဘုရင့် မိဖုရားရဲ့ မွေးနေ့ကို ထိုင်းနိုင်ငံရဲ့ မိခင်များနေ့အဖြစ် ထိုင်းနိုင်ငံ မှာ နိုင်ငံအ၀ှမ်း ကျင်းပနေကြပါတယ်။
ဒီအထဲက ထူးခြားမှု တခုကတော့ ဘန်ကောက်မြို့မှာ ကမ္ဘာပေါ်က ထင်ရှားသူ အမျိုးသမီး ၂၀ ကျော်တို့ရဲ့ အကြောင်း ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေကိုလည်း ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးတဲ့ စာအုပ်ဈေးရောင်းပွဲတော်က တခုအပါအ၀င်ဖြစ်ပါတယ်။
အဲဒီ စာအုပ်ဈေးရောင်းပွဲတော်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ အကြောင်း Peter Popham ရေးသားထားတဲ့ The Lady And The Peacock ဆိုတဲ့ စာအုပ်လည်းပါဝင် ပါတယ်။
ဒီစာအုပ်ဟာ ဗြိတိန် စတာလင်ပေါင် ၂၀ တန်ကြေးရှိပေမယ့် ဗြိတိန်မှာ အခမဲ့လည်း ဖြန့်ဝေခဲ့တာတော့ ရှိပါ တယ်။ ဒါပေမယ့် Amazon.co.uk မှာတော့ စာအုပ်များများ ယူမယ်ဆိုရင်တော့ လျှော့ဈေးနဲ့ စတာလင်ပေါင် ၁၄ ပေါင်နဲ့ ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။
irrawaddy blog


No comments:
Post a Comment