Tuesday, September 18, 2012

Apple iPhone 5 နှင့် အပြိုင် Samsung Galaxy S4 လာတော့မည်

Ever November | 9/18/2012 01:21:00 PM | Best Blogger Tips
iPhone 5 ကို Apple က မိတ်ဆက်ပြသပြီး ရက်ပိုင်းမျှအကြာတွင် အဓိကပြိုင်ဘက် Samsung ကလည်း ၎င်းတို့၏ နာမည်ကျော် Samsung Galaxy S ဖုန်းအမျိုးအစားသစ်ကို မိတ်ဆက်သွားမည်ဟုဆိုသည်။ Samsung Galaxy S4 ကို လာမည့်နှစ် ဖေဖေါ်ဝါရီလတွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပပြုလုပ်မည့် Mobile World Congress တွင် စတင်မိတ်ဆက် ပြသသွားမည်ဖြစ်ကြောင်း The Korea Times သတင်းက ဖော်ပြသည်။

The Korea Times သည် တောင်ကိုရီးယားနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေသည့် သက်တမ်းအရှည်ဆုံး အင်္ဂလိပ်ဘာသာ သတင်းစာဖြစ်သည်။ အမည်မဖော်ပြသော Samsung မှ တာဝန်ရှိသူများနှင့် Samsung အတွက် ဟန်းဆက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ပေးသော ဒေသတွင်းကုမ္ပဏီများကို ကိုးကား၍ The Korea Times က သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်၌ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Apple နှင့် Samsung တို့မှာ အဓိကပြိုင်ဘက်များအဖြစ် ယှဉ်ပြိုင်မှု ပြင်းထန်လျက်ရှိသည်။ 
Planet

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1