အသက် (၁၈)နှစ် အရွယ်ရှိ ပိုဝဲလ်သည် 
မန်ယူအသင်းနှင့် ပထမဆုံး အကြိမ်အဖြစ် (၁၁)မိနစ် ကစားခွင့် ရရှိခဲ့သည့် 
ပွဲစဉ်မှာပင် ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ပိုဝဲလ်မှ 
ယင်းသည် စီနီယာ ကစားသမားများထံမှ သင်ယူစရာ များစွာရှိနေပြီး ယင်း၏ 
မိသားစုဝင်များ ကလည်း သင်ယူလေ့လာမှုများ အတွက် ကူညီ ပံ့ပိုးနေကြောင်း 
ထုတ်ဖော် ပြောဆိုခဲ့သည်။
“မျှမျှတတ ပြောရရင် ကျွန်တော် နည်းနည်းလေး
 ကြောက်ရွံ့မိပါတယ် ဘာလို့လည်း ဆိုတော့ ကျွန်တော်က ပရိသတ် (၅၀၀၀)နဲ့ပဲ 
ကစားဖူးလို့ပါ ဒီမှာက လူတွေအများကြီးဆိုတော့ ဖိအားများပါတယ်။ ဒီပွဲက 
ခက်ခဲတဲ့ ပွဲတော့မဟုတ်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ အသင်းဖော်တွေက 
လွယ်ကူအောင် လုပ်ပေးထားလို့ပါ”ဟု ပိုဝဲလ်မှ ပြောကြားခဲ့သည်။
ပိုဝဲလ်မှ ဆက်လက်ပြီး သူသည် အသင်း၏ 
ကွင်းလယ် ကစားသမားများ ဖြစ်သော စခိုးလ်၊ ကာရစ် နှင့် ဂစ်တို့ထံမှာ 
နေ့စဉ်သင်ယူလေ့လာမှုများ ပြုလုပ်နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly


No comments:
Post a Comment