Monday, September 17, 2012

၇၃-နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား နယူးယောက်တွင် မြန်မာ တိုင်းရင်းသားများမှ စက်တင်္ဘာ ၁၅ ရက်နေ့က စုပေါင်းကျင်းပ

Ever November | 9/17/2012 01:51:00 PM | Best Blogger Tips

(၇၃)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့တွင် စက်တင်္ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားအား  ဘတ်ဖလိုးမြို့ရှိ ပြည်ထောင်စု မြန်မာတိုင်းရင်းသား အင်အားစုများက စုပေါင်း ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဆရာတော် ဦးဥတ္တမနေ့မှာ စက်တင်္ဘာလ ၉ ရက်နေ့ကို သတ်မှတ်ထားသော်လည်း အခမ်းအနားကို စက်တင်္ဘာလ ၁၅ ရက်နေ့သို့ ရွှေ့ပြီး ကျင်းပရခြင်းနှင့်ပတ်သတ်ပြီး အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူများထဲမှ တဦးဖြစ်သူ ကိုစံလင်း ယခုလို ရှင်းပြသည်။
“ဆရာတော် ဦးဥတ္တမနေ့ မတိုင်မီ ၂ ပတ်အလိုမှာ အခမ်းအနား ကျင်းပဖို့ အစည်းအဝေး ပြုလုပ်ကြ တယ်။ စက်တင်ဘာ ၉-ရက်နေ့ ကျင်းပဖို့ စီစဉ်ပြီးတော့မှ အခြား တိုင်းရင်းသားတွေက သူတို့လည်း ပူးပေါင်းပါဝင်ချင်ကြောင်း ကမ်းလှမ်းလာကြတယ်။ အဲဒါကြောင့်ပဲ တိုင်းရင်းသားပေါင်းစုံ ပါဝင်နိုင်အောင်လို့ အခုလို ရက်ရွှေ့ပြီး ကျင်းပရတာဖြစ်တယ်” ဟုပြောသည်။
အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်ပြီး သဘာပတိ အဖွဲ့ဝင် ဒေါက်တာဦးခေမိန္ဒစာရက ယခုလို ပြောပြသည်။
“ဆရာတော် ဦးဥတ္တမဟာ မြန်မာတမျိုးသားလုံး စည်းလုံး ညီညွတ်မှုနှင့် လွတ်မြောက်မှုတွေ အတွက် ကြိုးစားခဲ့တဲ့ ဆရာတော် တပါးဖြစ်တဲ့အတွက် အခုလို ဂုဏ်ပြုတာဖြစ်တယ်။ ပြီးတော့ မြန်မာတိုင်းရင်းသားတွေဟာ ဘယ်နိုင်ငံ ဘယ်နေရာ ကိုပဲ ရောက်ရောက် စည်းလုံး ညီညွတ်မှု ရှိတယ်ဆိုတာကို ပြတာ လည်းဖြစ် တယ်။ နောင်နှစ်တွေ လည်း အခုလိုပဲ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ကျင်းပသွား နိုင်လိမ့် မယ်လို့ မျှော်လင့် ပါတယ်” ဟု ပြောသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများထဲမှ ရခိုင်အမျိုးသားတဦးဖြစ်သူ  ဦးထွန်းဝင်းမှလည်း ယခုလို ပြောသည်။
“ ဗမာအစိုးရအဆက်ဆက်က ဆရာတော် ဦးဥတ္တမကို မသိကျိုးကျွှန်ပြုထားကြတယ်။ ဒီအတွက် စိတ်မကောင်းဘူး။ အခုလို ပြည်ပမှာ တိုင်းရင်းသားပေါင်းစုံး စုပေါင်းပြီး ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ကျင်းကြတဲ့ အတွက် အင်မတန်မှ ၀မ်းသာပါတယ်။ မြန်မာနိုင်ငံမှာ အခုဆို ရင် ဒီမိုကရေစီ စနစ်ကို ချီတက် နေပြီဖြစ်တဲ့ အတွက် ဦးသန်းစိန်းအစိုးရအနေနဲ့ အခြားသော ဗမာအမျိုးသား ခေါင်းဆောင်တွေနည်းတူ ဆရာတော်ဦးဥတ္တမကိုလည်း ဂုဏ်ပြုတဲ့ အနေနဲ့ မြို့တော် ရန်ကုန်မှာ အထိမ်းအမှတ်တခု ပြုလုပ်ပြီး ထားသင့်တယ်လို့ ပြောချင်ပါတယ်”  ဟု  သူက ပြောသည်။
ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာကြီး တစ်ဦး ဖြစ်ပြီး မြန်မာ လွတ်လပ်ရေး ကို ဦးစွာ ပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော်တပါးဖြစ်သဖြင့် နောင်လာ နောက်သားတို့ အမြဲတစေ သတိတရရှိစေရန် အတွက် အစိုးရကို တောင်းဆိုချက်များလည်း ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
ဆရာတော်ရဲ့ ၇၃-နှစ်မြောက်နေ့မှာ တောင်းဆိုချက် ၄-ခုကို တောင်းဆိုချက် (၄) ခုမှာ
(၁) စက်တင်ဘာလ (၉)ရက် အသျှင်ဥတ္တမနေ့ကို မြန်မာနိုင်ငံ၏ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန်။
(၂) ဆရာတော် အသျှင်ဥတ္တမ ရုပ်ထုအား မြန်မာပြည်၏ မြို့တော်တွင် ထားရှိရန်။
(၃) ပြည်တွင်းစစ် ချက်ချင်းရပ်တန့် ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်၊
၎။ မြန်မာနိုင်ငံအတွင် တရားမ၀င်နေထိုင်ပြီး အကြမ်းဖက်နေသော ဘင်္ဂလီများအား လူထုနှင့် နိုင်ငံတော် သမ္မတ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်ရန် တို့ဖြစ်သည်။
အခမ်းအနားကို လူပေါင်း ၃၀၀ ကျော်တက်ရောက်ပြီး တိုင်းရင်းသားပေါင်းစုံအကများဖြင့် ဂုဏ်ပြုဖျော် ဖြေခဲ့ကြကြောင်း သိရှိရသည်။ 
နိရဉ္စရာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1