Monday, September 17, 2012

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

Ever November | 9/17/2012 02:13:00 PM | Best Blogger Tips
တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေးထားကြောင်းသိရသည့်အတွက်မြန်
မာနိုင်ငံသူနိုင်ငံသားများ၏လုံခြုံရေးကိုမိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန်အရေးကြီးလာကြောင်း မြန်မာအမျိုးသမီး
အခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
 
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော OneChildပေါ်လစီကြောင့်အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေ
ခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင်လိုအပ်လျှက်ရှိသည့်အတွက်အိမ်နီးချင်းနိုင်ငံများ
မှအမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာအများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှစာရင်းများအရ သိရသည်။
 
ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။
 
လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။
 
''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေမှာသေချာစိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေသေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
 
မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူအရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။
 
လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူးမှုတရားခံများတွင်လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1