Wednesday, September 26, 2012

မိုဇမ်ဘစ်ကမ်းလွန်ပင်လယ်၌ ငါးမန်းများ အလွန်အကျွံဖမ်းဆီး

Ever November | 9/26/2012 01:12:00 PM | Best Blogger Tips

မိုဇမ်ဘစ်နိုင်ငံ အိန္ဒိယသမုဒ္ဒရာကမ်းလွန်တွင် ငါးမန်းများကို အလွန်အကျွံဖမ်းဆီးနေကြကြောင်း၊ ထို့ကြောင့် ပိုမိုကြီးကြပ်သွားရန် လိုအပ်ကြောင်း မိုဇမ်ဘစ် ငါးလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင် ကြေညာသည်။ နိုင်ငံတကာ ဂရင်းပိစ်အဖွဲ့နှင့်အတူ စက်တင်ဘာ ၆ ရက်က စတင်လေ့လာပြီးနောက် မိုဇမ်ဘစ် ငါးလုပ်ငန်း ၀န်ကြီးဌာနက အထက်ပါအတိုင်း ကြေညာလိုက်ခြင်းဖြစ်သည်။ ထိုဒေသတွင် ရောက်ရှိလာသည့် ငါးဖမ်းသင်္ဘောအများစုသည် ငါးမန်းတို့ကို အဓိကဖမ်းကြသည်ကိုလည်း တွေ့ရကြောင်း မိုဇမ်ဘစ် ငါးလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ယင်းသို့ လေ့လာထိန်းသိမ်းရခြင်းမှာ ဒေသတွင်း ငါးခိုးဖမ်းနေမှုများကို တိုက်ဖျက်ပစ်ရန် အတွက်လည်း ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1