Wednesday, September 26, 2012

အင်ဒိုနီးရှား၌ မီးခိုးများကြောင့် လေဆိပ်ပိတ်ရ

Ever November | 9/26/2012 01:28:00 PM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း ဂျမ်ဘီမြို့ရှိ ဆူလ်တန်သာဟာဆေဖက်ဒင် လေဆိပ် အနီးတစ်ဝိုက်တွင် တောမီးများ လောင်ကျွမ်းခဲ့ရာ ထွက်ပေါ်လာသော မီးခိုးများ ထူထပ်စွာ ဖုံးလွှမ်းနေမှုကြောင့် ၄င်းလေဆိပ်ကို ပိတ်ထားလိုက်ရကြောင်း အင်ဒိုနီးရှား အရာရှိများက စက်တင်ဘာ ၂၅ ရက်၌ ဖော်ပြသည်။ အဆိုပါ လေဆိပ်မှ ဝေဟင် မီတာ ၅၀၀ မှ မီတာ ၁၀၀၀ အထိ ပျံ့လွင့်နေသော မီးခိုးများကြောင့် မြင်ကွင်းရှင်းလင်းစွာ မမြင်တွေ့ရသဖြင် လေယာဉ်အဆင်းအတက်များ ရပ်ဆိုင်းကာ လေဆိပ်ကို ပိတ်ထားလိုက်ရခြင်းဖြစ်သည်။ စက်တင်ဘာ ၂၅ ရက်က ယင်းလေဆိပ်သို့ ဂျကာတာမြို့မှ ပျံသန်းလာသော လေယာဉ်တစ်စင်းသည် နံနက် ၆ နာရီတွင် ဆင်းသက်ရမည်ဖြစ်သော်လည်း မြင်ကွင်းမရှင်းလင်းသဖြင့် နံနက် ၇ နာရီခွဲမှ ဆင်းသက်ခွင့် ပြုနိုင်ခဲ့ကြောင်း သတင်း၌ ဖော်ပြသည်။ လေဆိပ်ဝေဟင်တွင် မီးခိုးများ ဖုံးလွှမ်းနေမှုကြောင့် လေကြောင်းလိုင်းများအား သတိပေးချက် ထုတ်ပြန်ပေးထားသည်။ ထို့အတူ ဂျမ်ဘီမြို့ဝေဟင်တွင်လည်း မီးခိုးများ လွင့်ပျံလျက်ရှိသည့်အတွက် မြို့နေပြည်သူများအား မီးခိုးငွေ့ကာ မျက်နှာဖုံးများ ဖြန့်ဝေပေးထားကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1