Wednesday, September 19, 2012

ဂျပန်၌ ဒုတိယမြောက် ဒုံးပျံကာကွယ်ရေး ရေဒါထားရှိရန် အမေရိကန်နှင့် ဂျပန် သဘောတူညီ

Ever November | 9/19/2012 02:43:00 PM | Best Blogger Tips

အရှေ့အာရှ၏ ဒုတိယမြောက် အိတ်ဇ်-ဘန်း ဒုံးပျံကာကွယ်ရေး ရေဒါကို ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ချထားခြင်းဖြင့် အမေရိကန်နှင့် ဂျပန်တို့ ဒုံးပျံကာကွယ်ရေးစနစ် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူညီလိုက်ကြောင်း စက်တင်ဘာလ ၁၇ ရက်က အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပါနက်တာက တိုကျိုမြို့၌ ဂျပန်ကာကွယ်ရေးဝန်ကြီး ဆာတိုရှိမိုရီမိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး စက်တင်ဘာ ၁၇ ရက်က ယင်းအစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ ယင်းဒုံးပျံကာကွယ်ရေး ရေဒါ တပ်ဆင်မည့်နေရာကို အတည်မပြုရသေးကြောင်း၊ သို့သော်လည်း နိုင်ငံတောင်ပိုင်း၌ ဖြစ်နိုင်ခြေများကြောင်း လီယွန်ပါနက်တာက ထပ်လောင်းပြောကြားသည်။ ဤသို့ ဆောင်ရွက်ခြင်းမှာ ဂျပန်နိုင်ငံကို ပိုမိုကာကွယ်ပေးရန် ဖြစ်ကြောင်း၊ ၄င်းသည် ဂျပန်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ကာကွယ်ရာလည်း ရောက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပါနက်တာက ဆိုသည်။ ၄င်းရေဒါစနစ်သည် မြောက်ကိုရီးယား၏ ဘလက်စတစ်ဒုံးပျံရန်မှ အမေရိကန်ကို ကာကွယ်ပေးရာလည်း ရောက်သည် ဟု ဆိုသည်။ အမေရိကန် အိတ်ဇ်-ဘန်း ရေဒါတစ်ခုကို ဂျပန်နိုင်ငံ တီဆူဂါရုမြို့ ရှာရီကီစစ်အခြေစိုက်စခန်း ရေပိုင်နက်၌ ထားရှိပြီးဖြစ်သည်။ အဆိုပါ ဒုတိယမြောက် ဒုံးပျံကာကွယ်ရေး ရေဒါ ထားရှိပြီးပါက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တောင်ပိုင်း၌ အမေရိကန်တပ်ဖွဲ့ဝင် ၄၇၀၀၀ တပ်စွဲထားမှုကိုလည်း ကာကွယ်ပေးလိမ့်မည်ဟု ဆိုသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1