Wednesday, September 19, 2012

Mobile Handset နှင့် Tablet များကို ၆ လ အရစ်ကျစနစ်ဖြင့် Door To Door ရောင်းချမည်

Ever November | 9/19/2012 02:07:00 PM | Best Blogger Tips

အစိုးရ ဝန်ထမ်း များနှင့် ကုမ္ပဏီ ဝန်ထမ်းများ အတွက် လွယ်ကူ သက်သာ အဆင်ပြေမှု ရှိရှိဖြင့် မိုဘိုင်းဖုန်း ဟန်းဆက်များနှင့် Tablet ကွန်ပျူတာ များကို ဝယ်ယူ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ၆လ အရစ်ကျငွေသွင်း ဝယ်ယူနိုင်ပြီး Door To Door စနစ်ဖြင့် ရောင်းချပေးသွားမည့်အစီအစဉ်ကို Today's Mobile မှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသ ည်။
ထိုသို့ အရစ်ကျစနစ်ဖြင့် ဘဏ်ငွေစာရင်း မလိုအပ်ခြင်း၊ အပေါင်ပစ္စည်း ပေးစရာမလိုခြင်း၊ Premium ကြေးပေးသွင်းရန်မလိုခြင်း၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာတင်ပြရန်မလိုခြင်း စသည်တို့အပြင် Door To Door စနစ်ဖြင့် ဝယ်ယူလို သည့်သူရှိသည့် နေရာအရောက် လိုက်လံရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် မိမိတို့၏ ဝန်ထမ်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူခွင့်ပေးရန် စိတ်ဝင်စားသော လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် တာဝန်ခံအရာရှိများအနေဖြင့် စုံစမ်းဆွေးနွေးလိုသည်များရှိပါကလည်း ကုမ္ပဏီသို့ လာရောက်ပေးကြောင်းလည်း သိရှိရသည်။
၎င်းDoor To Door စနစ်ဖြင့် ခြောက်လအရစ်ကျ ငွေသွင်းရောင်းချမှုကို တစ်လလျှင် မိုဘိုင်းဖုန်းနှင့် Tablet ကွန်ပျူတာအလုံးရေ (၃၀ဝ)သာ ကန့်သတ်ရောင်းချသွားမည်ဖြစ်ကြောင် သိရှိရသည်။ အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိစုံစမ်းလို သူများအနေဖြင့် ဖုန်းနံပါတ် ဝ၉-၅၅၅၉၅၉၅၊ ဝ၉-၇၃၂၁၁၁၁၂ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။
ကျော်ညိုသွေး
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1