Saturday, September 22, 2012

ဗင်နီဇွဲလား၌ မိုးကြိုးပစ်ခံရမှုကြောင့် ရေနံချက်စက်ရုံမီးလောင်

Ever November | 9/22/2012 04:03:00 PM | Best Blogger Tips

ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းတွင် ရေနံချက်စက်ရုံတစ်ရုံ မိုးမုန်တိုင်းကျစဉ် မိုးကြိုးပစ်ခံရမှုကြောင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလား ထိပ်တန်း ရေနံလုပ်ငန်းအရာရှိတစ်ဦးက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။ အဆိုပါ မီးလောင်မှုသည် ဗင်နီဇွဲလားနိုင်ငံ ကာရာဘိုဘိုပြည်နယ်ရှိ အီပါလီတို ရေနံချက်စက်ရုံ၌ စက်တင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရေနံချက်စက်ရုံ မိုးကြိုးပစ်ခံရမှုကြောင့် စက်ရုံအတွင်းရှိ ဆီလှောင်ကန်နှစ်ခု မီးလောင်ကျွမ်းခဲ့ကြောင်း၊ သို့သော် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဗင်နီဇွဲလား ရေနံလုပ်ငန်းဝန်ကြီး ရာဖေးရာမီရက်ဇ်က ရုပ်မြင်သံကြား ထုတ်လွှင့်မှုတစ်ရပ်တွင် ပြောကြားခဲ့သည်။ ဆီလှောင်ကန်တစ်ကန်မှာ လျင်မြန်စွာ မီးလောင်ခံရပြီး မီးခိုးလုံးကြီးများ အထက်သို့ ရောက်ရှိသွားခဲ့ကြောင်း၊ အခြားဆီလှောင်ကန်သို့ မီးကူးစက်လောင်ကျွမ်းနေစဉ် မီးသတ်သမား ၁၂၀ ခန့်တို့ ရောက်ရှိလာပြီး မီးကို လျင်မြန်စွာ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ၀န်ကြီးရာမီရက်ဇ်က ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1