Wednesday, September 26, 2012

တရုတ်နိုင်ငံ ကွမ်ကျိုး၊ မကာအို၊ ဟောင်ကောင် ခရီးစဉ်နဲ့ ချစ်သုဝေ

Ever November | 9/26/2012 02:00:00 PM | Best Blogger Tips

ချစ်သုဝေက ဒမ်ကီမိုရီရဲ့ ခရီးစဉ် သံတမန်အဖြစ်နဲ့ ဒမ်ကီမိုရီ အဖွဲ့ဝင်များ၊ ကံစမ်း မဲ ပေါက်သူများနဲ့အတူ စက်တင်ဘာ ၉ ရက် နေ့က ကွမ်ကျိုး၊ ကျူးဟိုင်၊ မကာအို၊ ဟောင်ကောင်ကို တစ်ပတ်ကြာ သွားရောက် လည်ပတ်ခဲ့ပါတယ်။
ခရီးသွား အဖွဲ့ခေါင်းဆောင် တစ်ဦးလည်း ပါတဲ့အတွက် နေရာအစုံရောက်ရှိ လည်ပတ်ခဲ့ရကြောင်း ခရီးစဉ်တစ်လျှောက် အမှတ်တရ တွေကို ချစ်သုဝေက “ခရီးစဉ်တစ်လျှောက် အကြိုက်ဆုံး ပြောပါဆိုရင်တော့ Disney Land အကြိုက်ဆုံးပေါ့။ Disney Land ကျတော့ Lilo လေးနဲ့လည်း တွေ့ခဲ့ရတယ်။ Tour Leader ပါပေမယ့် ဒမ်ကီ မိုရီ member အဖွဲ့ဝင်တွေ၊ ကံစမ်းမဲပေါက်တဲ့ သူတွေနဲ့ မိသားစုလို ဖြစ်လာကြတာပေါ့။ အယောက် ၃၃ ယောက်ပါတော့ တစ်ယောက်တစ် မျိုးဆိုတော့ ပျော်စရာကြီးပေါ့။ လူတွေအကြောင်းလည်း သင်ယူလို့ ရတယ်။ နယ်မြေဒေသ တစ်မြို့ပြီး တစ်မြို့ သွားတော့ ပင်ပန်းတဲ့ကြားက ကိုယ်တစ်ခါ မှမရောက်ဖူးတဲ့ ဒေသဖြစ်တော့ တစ်ခုပြီးတစ်ခုလေ့ လာရတယ်” လို့ပြောပြခဲ့ပါတယ်။
ပိုလာရိုက် ကင်မရာဝယ်ခဲ့သလို ဖိနပ် တွေဝယ်ယူခဲ့ကြောင်း၊ အဝတ်အစားတွေ ကတော့ မဝယ်ယူဖြစ်ခဲ့ ကြောင်းနဲ့ ဟောင်ကောင် မသွားခင်မှာ မိသားစုနဲ့အတူ ဘန်ကောက်မှာ ကျန်းမာရေး စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ပြောတဲ့ ချစ်သုဝေက လတ်တလောမှာဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ “နှောင်းချစ်ဝေ့လည်” ဇာတ်ကားမှာ ကိုယ့်ချစ်သူ ဆရာဝန်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးတဲ့ ရှေ့နေမလေးအဖြစ် သရုပ်ဆောင်နေပါတယ်။
ခိုင်ဝေလွင် 
Popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1