Wednesday, September 19, 2012

ဘရာဇီးနိုင်ငံ ဆော်ပေါလို၌ မီးလောင်မှုဖြစ်ပွား

Ever November | 9/19/2012 02:01:00 PM | Best Blogger Tips

ဘရာဇီးနိုင်ငံ၏ ဆော်ပေါလိုမြို့လယ်ရှိ မွိုင်ဟိုရပ်ကွက်၌ စက်တင်ဘာ ၁၇ ရက် နံနက်က မီးလောင်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်၌ ဖော်ပြပါရှိသည်။ ယင်းမီး စတင်လောင်ကျွမ်းချိန်တွင် အဆိုပါရပ်ကွက်၌ သစ်သား၊ ပလက်စတစ်နှင့် ကတ်ထူပြားကဲ့သို့သော မီးလောင်လွယ်သည့် ပစ္စည်း အများအပြား ရှိနေခြင်းကြောင့် မီးမှာ အလျင်အမြန် ကူးစက်ပြီး နေအိမ်များစွာ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းမီးလောင်မှုကို မီးသတ်သမားများက နှစ်နာရီကြာမျှ ငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ မီးလောင်မှုကြောင့် ယင်းရပ်ကွက်ရှိ နေအိမ် ၈၀ မီးလောင်ခံခဲ့ရပြီး အများစုမှာ အိမ်ပိုင်ရှင်များက မီးကိုငြှိမ်းသတ်ရန် စီမံနိုင်ခြင်း မရှိမှုကြောင့် ထိုသို့ မီးလောင်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်သူများအား ကယ်ဆယ်ရေး အဆောက်အအုံများသို့ ပို့ဆောင်ထားကြောင်း ဒေသအာဏာ ပိုင်များက ပြောကြားသည်။ ကနဦး စုံစမ်းစစ်ဆေးချက်အရ အဆိုပါမီးလောင်မှုသည် ၄င်းရပ်ကွက်ရှိ နေအိမ် တစ်အိမ်မှ ဇနီးမောင်နှံ စကားများ ရန်ဖြစ်နေချိန်တွင် တစ်စုံတစ်ယောက်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။ မီးရှို့သူ၏ အမည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ ဒဏ်ရာရသူတစ်ဦးမှာ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ နောက်ပိုင်းမှသာ ၄င်းတရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ဆက်လက်ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1