Wednesday, September 26, 2012

အိန္ဒိယ၌ အဆောက်အအုံပြိုကျ၊ ၁၁ ဦးသေဆုံး

Ever November | 9/26/2012 01:43:00 PM | Best Blogger Tips

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာထရာပြည်နယ် ပွန်မြို့တွင် စက်တင်ဘာ ၂၄ ရက်က အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် ၁၁ ဦးသေဆုံးပြီး ယင်းအဆောက်အအုံ အပျက်အစီးများအောက်မှ အသက်ရှင်လျက်ရှိသော လူ ၁၀ ဦး ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့သည်။ အဆိုပါ ပြိုကျသည့် အဆောက်အအုံသည် ပွန်မြို့ ဒါကာဗလီ ဧရိယာအတွင်းရှိ ဆမ်နက်အမည်ရှိ အဆောက်အအုံဖြစ်ပြီး ယင်းနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က ပြိုကျခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံ ပြိုကျပြီးနောက် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက အဆောက်အအုံ အပျက်အစီးများအောက် ပိမိနေသူများအား ကယ်ဆယ်ရန် ကြိုးစားလျက်ရှိသည်။ နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကာ လေးဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိသောဒဏ်ရာဖြင့် လမ်း၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ငါးဦးကို စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက အပျက်အစီးများအောက်မှ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ ဆောက်လုပ်ရေး အလုပ်သမားများဖြစ်ကြောင်း ၄င်းအမည်မဖော်လိုသူတစ်ဦးက ထပ်မံပြောကြားခဲ့သည်။ အဆောက်အအုံ ပြိုကျမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1