Thursday, September 6, 2012

ဆီးရီးယား အတိုက်အခံအဖွဲ့၏ ခြိမ်းခြောက်မှု ရုရှားအစိုးရ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့

Ever November | 9/06/2012 10:00:00 AM | Best Blogger Tips

ဆီးရီးယားနိုင်ငံပိုင် လေဆိပ်များကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အတိုက်အခံအဖွဲ့များ၏ ခြိမ်းခြောက်မှုများအပေါ် ရုရှားအစိုးရက  စက်တင်ဘာ ၃ ရက်တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းကဲ့သို့သော လုပ်ရပ်များသည် အဓိပ္ပာယ်မရှိသော အကြမ်းဖက်မှုမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယားနိုင်ငံ ဒမတ်စက်ပစ်မြို့နှင့် အလပ်ပိုမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး ၄င်းလေဆိပ်များတွင် ဆိုက်ကပ်ထွက်ခွာမည့် လေယာဉ်များကိုလည်း ပစ်ချသွားမည်ဖြစ်ကြောင်း ဆီးရီးယားအတိုက်အခံအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရုရှားအစိုးရက စိုးရိမ်ပူပန်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာများအရ သိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး လေကြောင်းပြေးဆွဲမှု ခရီးစဉ်များကို ၇၂ နာရီကြာရပ်ဆိုင်းထားရန် အတိုက်အခံအဖွဲ့က သတင်းပေးပို့ခဲ့သည်။ ဤကဲ့သို့သော ခြိမ်းခြောက်မှုများကို မိမိတို့အနေဖြင့် လက်ခံနိုင်သည့် အနေအထားမရှိကြောင်း၊ နိုင်ငံတကာမှ ချမှတ်ထားသော ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1