Thursday, September 6, 2012

နေရောင်ခြည်တွင်ပါသည့ှ်ဗိုက်တာမင် D ကြောင့် TB ရောဂါကို မြန်မြန် ပျောက်ကင်းစေနိုင်

Ever November | 9/06/2012 11:06:00 AM | Best Blogger Tips

တစ်ချိန် တစ်ခါက အသုံးပြုခဲ့သည့် heliotherapy ခေါ် နေရောင်ခြည်ကို ခံယူပြီး ယင်းတွင် ပါဝင်သည့် ဗိုက်တာမင်ဒီဓါတ် ကို လူနာများသို့ တိုက်ရိုက်
ကျရောက်စေခြင်းဖြင့် TB ရောဂါ ဖြစ်နေသူများ အတွက် ပြန်လည် ကျန်းမာလာမှု ဖြစ်စဉ်ကို လျင်မြန်စေကြောင်းကို တွေ့ရှိလိုက်ရပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၁၈၀၀ ပြည့်လွန်နှစ် နှောင်းပိုင်း ကာလများနှင့် လွန်ခဲ့သည့် ၁၉၃၀ ပြည့်လွန်နှစ်များက ပဋိဇီဝဆေးများ မပေါ်မီ အချိန်ကပင် အသုံးပြုခဲ့ကြသည့်  အဆိုပါ နည်းလမ်းမှာ ဝေဒနာရှင်များကို နေရောင်ခြည်ဖြင့် တိုက်ရိုက် ထိတွေ့စေပြီးနောက် ရောဂါကို သက်သာစေသည့် နည်းလမ်းပင် ဖြစ်သည်။

ယခုအသစ် ထွက်ပေါ်လာသည့် တွေ့ရှိချက်ကို ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်များမှ ဦးဆောင်ပြီး လေ့လာခဲ့ခြင်း ဖြစ်ကာ ပဋိဇီဝဆေးများ သောက်သုံးစေသည့်အပြင် နေရောင်ခြည်ဖြင့် ထိတွေ့စေပြီး ဗီတာမင် D ဓါတ်ကို မြင့်မားစွာ ပေးခြင်းဖြင့် ဝေဒနာသည်များ အနေဖြင့် ပိုမို လျင်မြန်စွာဖြင့် ကျန်းမာလာသည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ယခုလို နေရောင်ခြည်ကို ထိတွေ့စေခြင်းဖြင့် အဆုတ်ပျက်စီးမှုကို လျှော့ချပေးနိုင်သည့် အပြင် ရောဂါပိုး၏ တိုက်ခိုက်မှု ဒဏ်ကိုလည်း ခံနိုင်စွမ်း ရှိအောင် အားဖြည့်ပေးနိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ TB ရောဂါမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် အခြေအနေတွင် ရှိဆဲဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း လူပေါင်း ၈.၈သန်း ကူးစက်ခဲ့ရကာ ၁.၄ သန်း သေဆုံးခဲ့ရသည်။
source : reuters

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1