Saturday, October 27, 2012

ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ

Ever November | 10/27/2012 04:46:00 PM | Best Blogger Tips
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေး ဘာသာရေး ပဋိပက္ခမှုများဖြစ်ပေါ်နေစဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ စစ်တွေမြို့တွင်း ကင်းလှည့် စောင့်ကြပ်နေစဉ်။

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။ 
ဒဏ်ရာရသူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်နှိမ်နင်းလို့ ထိခိုက်သူ ၄ ဦးလောက်ပါတယ် လို့လည်း ပြောပါတယ်။
မီးလောင်ဆုံးရှုံးရတဲ့အိမ်ခြေက ၂ ထောင့် ၃ ရာကျော်တယ်လို့ဆိုပါတယ်။ ဒီစာရင်းတွေဟာ မြို့နယ် (၆) ခုအတွင်းဖြစ်ရပ်တွေရဲ့ စုစုပေါင်းစာရင်းဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် လတ်တလော စားနပ်ရိက္ခာ လိုအပ်ချက်ကို ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့မိမြို့ဖပြည်သူတွေ ပူးပေါင်းပြီး ကူညီပေးနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့တွေလဲသွားလာကူညီနေတယ်လို့သိရပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဟာ ရေရှည်မှာ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1