Thursday, October 18, 2012

ကိုရီးယားခရီးစဉ်ကနေ ပြန်လာပြီးပုံစံတစ်မျိုး ပြောင်းလာတဲ့ နန်းဆုရတီစိုး

Ever November | 10/18/2012 10:07:00 AM | Best Blogger Tips

စက်တင်ဘာ ၂၈ရက်နေ့က ကိုရီး ယားနိုင်ငံကို ဖျော်ဖြေရေးထွက်ခွာသွားတဲ့ နန်းဆုရတီစိုးက အောက်တိုဘာ ၅ရက်နေ့ မှာတော့ ရန်ကုန်ကို ပြန်လည်ရောက်ရှိခဲ့ပါ တယ်။ ကိုရီးယားနိုင်ငံကို ဖျော်ဖြေရေးသွား ခဲ့တာ အလွန်အဆင်ပြေခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ ခရီးစဉ်ဖြစ်ခဲ့ကြောင်းနဲ့ ကိုရီး ယားဖျော်ဖြေရေးခရီးစဉ်ရဲ့ အမှတ်တရေ တွ ကို အခုလို ပြောပြပါတယ်။ “၃ဝရက်နေ့မှာ ပွဲလုပ်တယ်။ နန်းဆု က အဆိုရော၊အကရောပါပေမယ့် အက မှာ အင်္ကျီပြန်လဲတာတွေ ဘာတွေနဲ့ မမီမှာစိုးလို့ အငြိမ့်ပဲက ခဲ့တယ်။နန်းဆုကို ပရိသတ် တစ်ယောက်က လာနှုတ်ဆက်တယ်။ အဲဒီ ပရိသတ်ကမကြီးစန်း ဆီမှာ လုပ်ဖူးတယ်ဆိုတာနဲ့ သူ့ကို အကူအညီတောင်းပြီး ဆံထုံးထုံးခဲ့တယ်။ ဒီကနေ သီချင်းတွေ သေသေချာချာ ပြင်ဆင်သွား တယ်။သီချင်းတွေကို ဦးသျှန်ထွန်းကို အသစ် ရေးခိုင်းသွားတယ်။ အဲဒီပွဲမှာဆိုဖို့ အတွက်ပေါ့။ ဝတ်စုံက အစ အဲ့ဒီပွဲမှာ က ဖို့ အတွက် ကိုသီးသန့်ချုပ်သွားခဲ့တယ်။အကသင်တဲ့ဆရာက တော့ ကိုဖိုးချစ်လွှတ်ပေးတဲ့ဆရာနဲ့သင်သွားတယ်။ ဟိုမှာအစစ အရာရာ အဆင်ပြေခဲ့ပါတယ်။ ပရိ သတ်တွေက ဆုတွေလည်း အများကြီးချလို့ တအားပျော်ခဲ့ရတယ်။ 5Stars အဖွဲ့ကလည်း တစ်လမ်းလုံးဟာသတွေလုပ်တော့ရယ်နေရတယ်။သွားတဲ့ လူတွေကလည်း အကုန်လုံးစည်းစည်းလုံးလုံး၊ ညီညီညွတ် ညွတ်နဲ့ဆိုတော့ တော်တော်ပျော် စရာကောင်းတဲ့ခရီးစဉ်ဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲပြီးတဲ့ရက်တွေမှာပွဲစီစဉ်တဲ့ကိုကျော်သီဟနဲ့ မကေသွယ်တို့က နန်းဆုတို့ ကိုရီးယားမှာလည်ဖို့အတွက်အကုန်စီစဉ်ပေးတယ်။ ကိုရီးယားနန်းတွင်းရော၊KBSရုပ်သံလိုင်း၊ ဆိုးလ်တာဝါ၊ ဘုရားတွေ၊ ကမ်းခြေတွေ အကုန်လုံးကို Tour ကားကြီးငှားပေးပြီးလိုက်လည်ခိုင်းတယ်။ပြီးတော့ အရှင် ဆေကိန္ဒက ဖိတ်လို့ သွားဖူးကြသေးတယ်။ ထမင်းလည်း ဖိတ်ကျွေး တယ်။ပြီးတော့လမ်းေ ပ်ါမှာ ဒယ်အိုးဆရာတော် နဲ့တွေ့လို့ လည်းဖူး ခဲ့တယ်။တိုက်တိုက်ဆိုင်ဆိုင်ဆရာတော်ကြီး ကို ကိုရီးယားမှာ ဖူးခွင့်ရခဲ့တယ်။ ပြီးတော့ ဂန်းနမ်မြို့ လည်း ရောက်ခဲ့တယ်။ ဂန်းနမ်ဆိုတာ အသစ်တည် တဲ့မြို့။အဲဒီမြို့မှာ ပလပ်စတစ်ဆာဂျရီလုပ်တဲ့ ဆေးရုံက ဆေးရုံအုပ်ကြီးဖိတ်လို့သွားလေ့လာ ကြသေးတယ်။ အထင်ကရနေရာတော်တော် များများကိုရောက်ခဲ့ရပါတယ်”လို့ ပြောပြ ပါတယ်။ ကိုရီးယားက ပြန်လာပြီး ဆံပင် အရောင်ပြောင်းနေတာတွေ့လို့ မေးကြည့် တော့ ကိုရီးယားသွားရင်း အေသင်ချိုဆွေနဲ့နှစ်ယောက်အတူ ဆံပင်ဆေးဆိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။”ဆံပင်အရောင်ဆိုးချင်လို့ အဖော်စပ်တော့ အေသင်က သူလည်းဆိုးမလို့တဲ့။ ဒါနဲ့နှစ်ယောက်ဆိုးဖြစ်တာ။ နန်းဆုက 2NE1 ထဲက အဆိုတော်ရဲ့ဆံပင် အရောင်ကို ဆိုးမယ်ပေါ့။ အဲ့ဒီမှာ အေသင်ကလည်း သူဆိုးမယ့်ပုံစံကိုပြတာ အဲ့ဒီပုံပဲဖြစ်နေ တယ်။ 2NE1 ထဲက တစ်ယောက် နဲ့က တူတယ်လို့ ပြောကြတော့ အခုဆံပင်ပါ အရောင်တူဆိုးလိုက်တော့ ပိုတူသွားတာပေါ့နော်။ လောလောဆယ်တော့ စာမေးပွဲဖြေဖို့ တစ်လနားပြီးရင် နန်းဆုရဲ့ ဗီစီဒီ ကိုရိုက်ဦးမယ်။ပြီးမှဆံပင် အရောင်ပြန်ဆိုးရင်ဆိုးမယ်”လို့ ပြောတဲ့ နန်းဆုရတီစိုးက အဝေးသင် စာမေးပွဲဖြေဖို့ ဇာတ်ကားရိုက်ကူးမှု တစ်လနားထားကြောင်း သိပါတယ်။

ဝဿန်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1