Thursday, October 18, 2012

စစ်တွေမြို့ သဲချောင်းရွာမှ ဘင်္ဂလီ မှုဆလင် များထံမှ ပေးပို့လိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံ ဖမ်းဆီးရမိ

Ever November | 10/18/2012 10:16:00 AM | Best Blogger Tips
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သင်္ချိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက ထည့်ပေးလိုက်သော M 79 လောင်ချာ ၅ လက်နှင့် အခြားလက်နက်မျိုးစုံကို ဖမ်းဆီးရရှိကြောင့် Arakan Review မှ သတင်းရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထိုအသုဘကို သဲချောင်းရွာရှိ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအသုံးပြုသော သင်္ချိင်းသို့ သွားရောက်မြုပ်နှံပြီး အပြန်တွင် သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်များက စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများအား အပြတ် သုတ်သင်ရန် M 79 လောင်ချာ ၅ လက်နှင့် တခြားလက်နက်မျိုးစုံကို အင်ဘာလာ ရပ်ကွက်မှ ဘင်္ဂလီ မူဆလင် ဘာသာဝင်များအတွက် အသုဘ လိုက်ပို့လာသော ကားအပြန်တွင် ထည့်ပေးလိုက်ခြင်းကို မြို့နယ်လုံခြုံရေးအတွက် အစောင့်ကျနေသော လုံထိမ်း ရဲတပ်ဖွဲ့ ၀င်တဦးမှ မြင်သော်လည်း မမြင်ဟန်ဖြင့် လွတ်ပေလိုက်သောကြောင့် တာဝန်သိ ရခိုင်ပြည်သူတဦးက စစ်တပ်သို့ ဖုံးဆက် အကြောင်းကြားခဲ့သည်ရာ စစ်တပ်မှ ထိုကားအား ဟန့်တားရှာဖွယ် စစ်ဆေးရာတွင် M 79 လောင်ချာ လက်နက် ၅ နှင့် တခြားလက်နက်မျိုးစုံကို ဖမ်းဆီးရမိကြောင်း သိရသည်။
အထက်ပါ အကြောင်းအရာနှင့်ပတ်သက်၍ အသုဘလိုက်ပို့ ရာမှပြန်လာသော ကားပေါ်မှ မသင်္ခါသူ ဘင်္ဂလီ မူဆလင်ဘာသာဝင် ၅ ဦးအား ဖမ်းဆီး စစ်ဆေးနေသည်ဟု သိရှိရသည်။
ထို့အတူ “စိန်” မုန့်တိုက်ပိုင်ရှင် ဘင်္ဂလီ မူဆလင်ဘာသာဝင်တဦး၏ အိမ်အား ဆက်လက်ရှာဖွယ် စစ်ဆေးခဲ့ရာ လက်နက်များနှင့် ထိုလက်နက်တွင် အသုံးပြုသည့် ဒုံးရှည်များအား ရှာဖွယ်တွေ့ရှိခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရသည်။
ဆက်လက်ပြီး “စိန်” မုန့်တိုက်ပိုင်ရှင်အား စစ်ဆေးမေးမြန်းရာတွင် ထိုလက်နက်များအား လုံထိမ်းတပ်ဖွဲ့မှ အရာရှိတဦးက ၀ယ်ယူပေးခြင်းဖြစ်ကြောင်းနှင့် သဲချောင်းရွာမှ ကားပေါ်တွင် တင်ပေးလိုက်သော လက်နက်များမှာ သဲချောင်းရွာမှ ဘင်္ဂလီ မူဆလင်ဘာသာဝင်တို့ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်စဉ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်သည့် ရိုဟင်ဂျာ အကြမ်းဖက် သမားများက လက်ဆက်ကမ်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1