Friday, October 5, 2012

ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု မရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေဟု ကောလာဟလများ ပေါ်ထွက်

Ever November | 10/05/2012 04:27:00 PM | Best Blogger Tips
ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးအခြေအနေအပေါ် ယုံကြည်မှုမရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေသည်ဟု ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သတင်းများသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက ပြောသည်။

''ဘဏ်တွေထဲမှာ ကျွန်တော်တို့ဘဏ်က ဘဏ်ခွဲအများဆုံးနဲ့ လုပ်ငန်းလည်ပတ်မှု အကောင်းဆုံးပါ။ အမြဲတမ်းလည်း လူရှုပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်မှာလည်း ဘဏ်ပိတ်ရက် ၃ရက်ဖြစ်သွားတဲ့အပြင် နှစ်ဝက်ဘဏ်တိုးပေးတဲ့ကာလလည်းဖြစ် ၊ လစာထုတ်ရက်တွေနဲ့လည်း တိုက်ဆိုင်နေတော့ လူပိုများနေပါတယ်။ ဘဏ်တိုးအပေါ် မှီခိုနေရတဲ့သူတွေက အတိုးလာထုတ်သလို ငွေသွင်းငွေထုတ်လုပ်တဲ့သူတွေလည်း များသွားလို့ ကောလာဟလလွှင့်တဲ့သူတွေက ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်နေကြတာပါ''ဟု  ဦးရဲထွန်းဦးက ပြောသည်။
အဆိုပါ သတင်းများအား အွန်လိုင်းစာမျက်နှာများတွင် စတင်ဖြန့်ဝေခဲ့ရာမှ  ပြည်သူများအကြားတွင် ဘဏ်မှ ငွေကြေးများအား အစုလိုက်၊ အပြုံလိုက် ထုတ်ယူနေသည်ဆိုသည့် သတင်းများမှာ အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။
''ကမ္ဘောဗဘဏ်မှာ ငွေအပ်ထားတဲ့သူတွေက ငွေတွေ လာထုတ်နေကြတယ်လို သတင်းတွေ ထွက်လာပြီး အခုကြတော့ အွန်လိုင်းစာမျက်နှာကနေ ဘဏ်မှာ ငွေထုတ်ကြဖို့ လှုံ့ဆော်နေကြတာ တွေ့ရပါတယ်''ဟု ဘဏ်တွင် ငွေအပ်နှံထားသူတစ်ဦးမှ ပြောပါသည်။
ယင်းကဲ့သို့ ထွက်ပေါ်နေသည့် ကောလာဟလများမှာ ဘဏ်များ ပြိုလဲမှု ဖြစ်ပေါ်စေနိုင်သည့် မမှန်သတင်းများဖြစ်ကာ ယင်းကဲ့သို့သော သတင်းများအား စီးပွားရေး အသိုင်းအ၀ိုင်းတွင် ဘဏ်လုပ်ငန်းအပေါ် မလိုလားသူများမှ မကြာ ခဏ ဖြန့်ဝေလေ့ရှိသော သတင်းများဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၁၉ ဘဏ်ရှိပြီး ဘဏ်ခွဲပေါင်း ၄၀၅ဘဏ်ရှိကာ အဆိုပါဘဏ်များအနက် ကမ္ဘောဇဘဏ်မှာ ဘဏ်ခွဲအများဆုံးဖြစ်ကာ ဘဏ်ပေါင်း ၇၂ဘဏ်အထိမြို့ အသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1