Thursday, October 18, 2012

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်၏ ပစ်ခတ်မှုကြောင့် တရုတ်ငါးဖမ်းသမား တစ်ဦးသေဆုံး

Ever November | 10/18/2012 03:16:00 PM | Best Blogger Tips

တောင်ကိုရီးယား ကမ်းခြေစောင့် ကွန်မန်ဒိုတပ်ဖွဲ့သည် အောက်တိုဘာ ၁၆ ရက်က ပင်လယ်ဝါအတွင်း၌ တရားမ၀င် ငါးဖမ်းမှုများကို နှိမ်နင်းရေး လုပ်ဆောင်နေစဉ်အတွင်း ၄င်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တရုတ်ငါးဖမ်းသမား တစ်ဦး သေဆုံးခဲ့ရကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားသည်။ အသက် ၄၄ နှစ်ရှိ အဆိုပါ ငါးဖမ်းသမားသည် ကမ်းခြေစောင့်တပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ကျည်ဆန် ထိမှန်ပြီးနောက် မော့ပိုဆိပ်ကမ်း အနောက်တောင်ဘက်ရှိ ဆေးရုံတစ်ရုံသို့ ရဟတ်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်ပေးခဲ့သော်လည်း ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်တွင် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ဟောင်ဒိုကျွန်းအနီးရှိ တောင်ကိုရီးယား ရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းနေသည့် တရုတ်ငါးဖမ်းသင်္ဘောများကို တောင်ကိုရီးယားကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ်အတွင်း တရုတ်ငါးဖမ်းသမားများက ဓားများနှင့် အခြားလက်နက်များကို အသုံးပြု၍ ခုခံခဲ့ခြင်းကြောင့် ကမ်ခြေစောင့်တပ်ဖွဲ့က မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1