Sunday, October 28, 2012

အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူအား နွားသတ်၍သေဆုံး

Ever November | 10/28/2012 08:44:00 PM | Best Blogger Tips

ပါလစ္စတိုင်းနိုင်ငံ မြို့တော် ဂါဇာမြို့တွင် အောက်တိုဘာ ၂၇ရက်နေ့(စနေနေ့)က
ကျရောက်သော အစ္စလာမ်ဘာသာတို့၏ အိဒ်ပွဲတော်အတွင်း နွား လည်လှီးရန်  ကြိုးစားသူ ပါလစ္စတိုင်းအမျိုးသား တစ်ဦးအား နွားသတ်၍ သေဆုံးသွားကြောင်း ယင်းအစိုးရမှ တရားဝင်
သတင်းထုတ်ပြန်သည်။

ကမ္ဘာတ၀ှမ်း၌ အစ္စလာမ်တို့၏ အိဒ်ပွဲတော် ၄ရက်အတွင်း နွားနှင့် ဆိတ်ကို သောကြာနေ့က စတင်လည်လှီးသတ်ဖြတ်မှု စ တင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဂါဇာမြို့အတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရန်ကြိုးစားသူ လူပေါင်း ၁၅၀ ဦးမှာလည်း ဆေးကုသရန် ဆေးရုံသို့ရော က်ရှိနေကြောင်း ဂါဇာမြို့ရှိ ကျန်းမာရေးဝန်ကြီး
ဌာနမှ Ashraf al-Kidra ကဆိုသည်။

ပါကစ္စတန်နိုင်ငံ ပါရှာဝါမြောက်ဘက်တွင် လည်းနွားလှီရန် ပြုလုပ်စဉ် နွားတစ်ကောင်
လွတ်မြောက်ပြီး ကလေးတဦးပါဝင် လူကြီး ၂ဦးဒဏ်ရာရခဲ့ပြီး အဆိုပါလွတ်မြောက်နွား
အား လူ ဒါစင်ခန့်ပြန်လည် ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့ရသည်ဟု ဆိုသည်။
shwemyanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1