Monday, October 1, 2012

ဂျပန်နိုင်ငံ ကျွန်းများသို့ တိုင်ဖွန်းမုန်တိုင်း ဦးတည်လျက်ရှိ

Ever November | 10/01/2012 01:09:00 PM | Best Blogger Tips

အင်အားပြင်း တိုင်းဖွန်းမုန်တိုင်း ဂျီလာဝပ်သည် ဂျပန်နိုင်ငံ၏ အဓိကကျွန်းများသို့ ဦးတည်လျက်ရှိကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီက စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဂျီလာဝပ်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခန့်က နိုင်ငံအနောက်တောင်ပိုင်း ကိုချီစီရင်စုတောင်ဘက် ၂၂၀ ကီလိုမီတာခန့်အကွာ ရေပြင်တွင်တည်ရှိခဲ့ပြီး တစ်နာရီ ၄၅ ကီလိုမီတာနှုန်းဖြင့် နိုင်ငံအရှေ့မြောက်ပိုင်းသို့ ဦးတည်နေကြောင်း သိရသည်။ တိုင်းဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးမှုများ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သ အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1