Saturday, October 20, 2012

မိတ်သဟာ ပူးတွဲဆုတွေနဲ့ အောင်ဘာလေ သိန်းထီ

Ever November | 10/20/2012 02:28:00 PM | Best Blogger Tips
 တချိန်က မြန်မာ့ အောင်ဘာလေ ထီလက်မှတ်၊ ဓာတ်ပုံ- maruphilaque.com

ကဲ.. အပြောင်းအလဲတွေ ဆက်တိုက်လုပ်လာတဲ့ မြန်မာနိုင်ငံမှာ အောင်ဘာလေ သိန်းထီ စနစ်မှာလည်း အပြောင်းအလဲ လုပ်လာပါပြီ။ 
 
အောင်ဘာလေ သိန်းဆုဌာနကြီးက လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ က ၂၈၆ ကြိမ်မြောက် ကစပြီး ၂၀၀ ကျပ် တန် အောင်ဘာလေဆုကြီး ကျပ် သိန်း ၁၅၀၀ ပေါက်မဲထီလက်မှတ် အက္ခရာနဲ့ ရှေ့ဆုံး ၂ လုံး အစဉ်လိုက် တူ မိတ်သဟာ ပူးတွဲ ဆုတွေကို တဆုကို ကျပ် ၅ သောင်းနဲ့ အပိုဆုတွေ ထည့်သွင်းဖွင့်လှစ် သွားတော့မှာဖြစ် တယ်လို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်း အခွန်များ ဦးစီးဌာနက ဖွင့်လှစ်တဲ့ ဆုမဲကြီးတွေကတော့ ကျပ် သိန်း ၁၅၀၀ ၁ ဆု၊ ကျပ်သိန်း ၁၀၀၀ ၁ ဆု၊ ကျပ် သိန်း ၅၀၀ ၁ ဆု၊ ကျပ် သိန်း ၃၀၀ ၄ ဆု၊ ကျပ် သိန်း ၂၀၀ - ၅ ဆုနဲ့ မင်္ဂလာ စုံတွဲတွေ အပါအ၀င် အပိုဆုတွေ စုစုပေါင်း ဆုမဲပေါင်း ၂၅၁၂၅ ဆု ဖြစ်ပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ ၂၈၅ ကြိမ်မြောက် အောင်ဘာလေ ထီ ကံစမ်းမဲ စုစုပေါင်းထက် ဆုမဲပေါင်း ၆၁၃၁ ဆု ပိုပြီး ဖွင့်လှစ်ပေး မှာ ဖြစ်ပါတယ်တဲ့။ အနိမ့်ဆုံး ဆုမဲကတော့ ကျပ်ငွေ ၅ သောင်းဖြစ်ပါတယ်။ 

ရန်ကုန်မြို့က ထီလုပ်ငန်းလုပ်နေသူ ဦးကိုကိုလေးကပြောတာကတော့ အခု ဖွင့်လှစ်မယ့် ထီစနစ်ဟာ ထိုင်းနိုင်ငံ ထီစနစ်ပုံစံ နည်းနည်း အတုယူထားတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ 
irrawaddy

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1