Saturday, October 20, 2012

(၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံသစ် ငါးနိုင်ငံကို ရွေးချယ်

Ever November | 10/20/2012 01:02:00 PM | Best Blogger Tips

ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နှစ်နှစ်ကြာ သက်တမ်းတာဝန်ထမ်းဆောင်မည့် အမြဲတမ်းမဟုတ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအဖြစ် တောင်ကိုရီးယား၊ လူဇင်ဘာ့ဂ်၊ အာဂျင်တီးနား၊ သြစတြေးလျနှင့် ရ၀မ်ဒါနိုင်ငံတို့ကို ရွေးချယ်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်တွင် အင်တာနက်သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံသစ်များ ရွေးချယ်ခဲ့ရာတွင် နှစ်ကြိမ်မဲပေးရွေးချယ်ခဲ့ရပြီး ပထမအကြိမ် မဲခွဲဆုံးဖြတ်ရာတွင် အာဂျင်တီးနား၊ သြစတြေးလျနှင့် ရ၀မ်ဒါနိုင်ငံတို့က ရွေးချယ်ခံခဲ့ရပြီး ဒုတိယအကြိမ်၌ တောင်ကိုရီးယားနှင့် လူဇင်ဘာ့ဂ်နိုင်ငံတို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ရွေးချယ်ခြင်းခံခဲ့ရသည့် နိုင်ငံများသည် လာမည့် ဒီဇင်ဘာ ၃၁ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများအဖြစ်မှ သက်တမ်းကုန်ဆုံးမည့် ကိုလံဘီယာ၊ ဂျာမနီ၊ အိန္ဒိယ၊ ပေါ်တူဂီနှင့် တောင်အာဖရိက နိုင်ငံတို့အစား ၀င်ရောက်တာဝန်ထမ်းဆောင်သွားမည်ဟု သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1