Friday, October 5, 2012

ဆွီဒင်နိုင်ငံအတွင်းရှိ အစိုးရ၀က်ဘ်ဆိုက်များ တိုက်ခိုက်ခံရ

Ever November | 10/05/2012 04:13:00 PM | Best Blogger Tips

ဆွီဒင်နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့၏ ၀က်ဘ်ဆိုက်များကို ဟက်ကာများက အောက်တိုဘာ ၂ ရက် ညပိုင်းနှင့် ၃ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတွင်းသတင်းဌာနများက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသော ၀က်ဘ်ဆိုက်များမှာ အမျိုးသားတရားရုံးများဆိုင်ရာ စီမံခန့်ခွဲရေးရုံး၊ အမျိုးသားကျန်းမာရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့များမှ ၀က်ဘ်ဆိုက်များဖြစ်ပြီး ၀က်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည့် ဟက်ကာများ၏ အမည်များကို မသိရှိရသေးကြောင်း ဆွီဒင်နေ့စဉ်ထုတ် သတင်းစာကြီးဖြစ်သည့် Dagens Nyheter က ဖော်ပြခဲ့သည်။ ဆွီဒင်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ရဲတပ်ဖွဲ့များ၏ ၀က်ဘ်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်မည်ဟု ဟက်ကာများက ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆွီဒင်လက်နက်ကိုင်တပ်ဖွဲ့၏ ၀က်ဘ်ဆိုက်နှင့် အခြားအစိုးရပိုင် ၀က်ဘ်ဆိုက်များသည် တစ်လအတောအတွင်း ဟက်ကာများ၏ တိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရကြောင်း သိရသည်။
khitlunge 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1