Thursday, October 18, 2012

နယူးယောက်မြို့မှာ ကျင်းပမယ့် Diaspora Models 2012-2013 International Beauty ပြိုင်ပွဲဝင် မြန်မာမော်ဒယ် Nida Taylor

Ever November | 10/18/2012 09:16:00 AM | Best Blogger Tips

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ နာမည်ကြီးမြန်မာမော်ဒယ်တစ်ဦး ဖြစ်တဲ့ Nida Taylor က နိုဝင်ဘာ ၃ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


ဒီပြိုင်ပွဲမှာ နိုင်ငံတကာကမော်ဒယ်များ လာရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာ့အလှဆုံး Diaspora မော်ဒယ်များနဲ့ အခြားအနုပညာရှင်များလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ နယူးယောက်မြို့က နာမည်ကြီး မြန် မာ မော်ဒယ်တစ်ဦးဖြစ်တဲ့ Nida Taylor က အမေရိကကို အထက် တန်းကျောင်းသူ ဘဝကတည်းက ရောက်ရှိနေတာဖြစ်ပြီး ပရော်ဖက်ရှင် နယ် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ မော် ဒယ်အတွေ့ အကြုံများစွာရှိပြီး စက်တင်ဘာ ၁၄ရက်နေ့ က နယူးယောက် မြို့မှာ ကျင်းပတဲ့ American Cancer Society ရန်ပုံငွေ မော်ဒယ်ရှိုးပွဲ ကိုလည်း Nida Taylor က ဦးဆောင်စီစဉ်ကျင်းပခဲ့ပါတယ်။ Nida Taylor နဲ့ခင်မင်ရင်းနှီးတဲ့အမေရိကနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအမှုထမ်း ဦးမြစိုးကလည်း Nida Taylor နဲ့ ပတ်သက်ပြီး "Nida Taylor နဲ့စက်တင်ဘာ ၁၄ရက်နေ့က သူကိုယ်တိုင်ကိုယ်ကျစီစဉ်တဲ့ American Cancer Society ရန်ပုံငွေမော်ဒယ်ရှိုးပွဲကိုတက်ပြီး ဓာတ်ပုံရိုက်ဖြစ်ရင်း သိသွားတာပါ။ သူက ထက်မြက်တယ်။ အရည်အချင်းလည်းရှိတယ်။နယူးယောက်မြို့ကြီးမှာ ဒီလို ပွဲမျိုးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်နိုင်တဲ့အတွက်လည်းဂုဏ်ယူမိတယ်။ ပြီးတော့ မြန်မာလူမျိုး တစ်ယောက်ကို နာမည်ကျော်ကြားတဲ့ မော်ဒယ်အနေ နဲ့သိရတဲ့အတွက်လည်း ဝမ်းသာတယ်။ နယူးယောက်မှာက လူဦးရေတအား များတော့ နာမည်ကြီးမော်ဒယ်စာရင်းဝင်ဖို့ ခက်တယ်လေ။ ချောတဲ့ လှတဲ့ မော်ဒယ်တွေအများ ကြီးရှိတဲ့အထဲမှာ ဝင်တိုးရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပြိုင်ခွင့် ရတော့ တအား ဝမ်းသာပါတယ်။ မြန်မာလူမျိုးအတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဂုဏ်ယူပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ခိုင်ဝေလွင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1