Thursday, October 18, 2012

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

Ever November | 10/18/2012 03:14:00 PM | Best Blogger Tips

ပြည်ပသို့  Viberစနစ်ဖြင့်ဖုန်းခေါ်ဆိုမှုများကိုလိုင်းဖြတ်တောက်ရန်နှင့်အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင် Viber စနစ်ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ Viber  စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ဘာမှအရေးယူဆောင်ရွက်တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု
 ပြောကြားခဲ့သည်။
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ဆီက အင်ဂျင်နီယာချုပ်တွေ တစ်ယောက်မှ မပြောပါဘူး''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့် နိုင်ငံတကာသို့ တရားမ၀င်ဆက်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊မိုဘိုင်းဖုန်း Sim Card ကို အသုံးပြု၍  Viber စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့် မိုဘိုင်းဖုန်းများကို ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ကာ   တရားမ၀င်သုံးစွဲနေကြောင်း စစ်ဆေးတွေရှိပါက ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1