Saturday, November 10, 2012

နာနီကို ဒဏ်ရာကြောင့် (၁၀)ရက်မျှ လက်လွှတ်ရမည့် မန်ယူ

Ever November | 11/10/2012 03:52:00 PM | Best Blogger Tips
 ဒဏ်ရာကြောင့် (၁၀)ရက်မျှ နားရမည့် နာနီ

မန်ချက်စတာ ယူနိုက်တက် အသင်းက လူးဝစ်နာနီအား ဒဏ်ရာကြောင့် (၁၀)ရက်မျှ လက်လွှတ် ထားရမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားသည် ချန်ပီယံလိဂ်တွင် စပို့တင်း ဘရာဂါနှင့် ကစားသော ပွဲစဉ်၌ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့သည်။ အသက်(၂၅)နှစ်ရှိ နာနီသည် ထိုပွဲတွင် ပွဲပြီးရန် (၁၇)မိနစ် အလို၌ ညာနောက်ခံလူ ရာဖေးလ် ဒါဆေးလ်ဗားနှင့် လူစား လဲခဲ့ရသည်။ မန်ယူသည် ဘရာဂါကို (၃-၁)ဖြင့် အဝေးကွင်းတွင် အနိုင် ရခဲ့ပြီးနောက် ချန်ပီယံလိဂ် အုပ်စုအဆင့် (လက်ကျန် နှစ်ပွဲရှိသေးသော်လည်း) ပွဲတိုင်းနိုင် ရလဒ်ဖြင့် ရှုံးထွက် အဆင့်သို့ အောင်မြင်စွာ ကြိုတင် တက်ရောက်နိုင်ခဲ့သည်။ 
အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အက်စ်တန်ဗီလာ၏ အိမ်ကွင်းသို့ သွားရောက် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် နာနီ ပါဝင်မည် မဟုတ်ဟု ဆိုသည်။ "သူ့တံကောက်ကြောက တင်းမာနေပါတယ်။ သူဟာ (၁၀)ရက်လောက် အနား ယူရမှာပါ"ဟု ဖာဂူဆန်က ပြောကြားသွားသည်။ ဗဟိုနောက်ခံလူ ဂျွန်နီအီဗန်စ်မှာ ပေါင်ခြံဒဏ်ရာ ရှိနေပြီး ဗီလာပါ့ခ်တွင် ကစားမည့် ပွဲစဉ်၌ ပွဲထွက်ရန် မရေရာသေးချေ။ ထိုအနေအထားကြောင့် မန်ယူအတွက် ကာလအတန်ကြာ မကစားနိုင်ဘဲ ဘရာဂါနှင့်ပွဲမှ ပါဝင်ခဲ့သူ ခရစ်စမောလင်း ထပ်မံပွဲထွက်လာနိုင်ကြောင်း သိရှိရသည်။

ဖာဂူဆန်က "အီဗန်စ်ရဲ့ အနေအထားက သံသယ ရှိလောက်စရာလို့ ဆိုရမှာပါ။ ဒဏ်ရာကတော့ မပြင်းပါဘူး။ ဒါပေမဲ့ သူကစားနိုင်တာ သေချာပါ့မလား စောင့်ကြည့်ပါမယ်။ သူအဆင်ပြေမယ်လို့လည်း ထင်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1