Friday, November 23, 2012

မည်သည့် မန်နေဂျာမျှ ဖာဂူဆန်လောက် နှစ်ရှည်လများ အောင်မြင်စွာ မရပ်တည်နိုင်ဟု ဝင်းဂါး ချီးကျူး

Ever November | 11/23/2012 01:46:00 PM | Best Blogger Tips

ကမ္ဘာပေါ်တွင် မည်သည့် ဘောလုံး မန်နေဂျာမျှ ဆာအဲလက်စ် ဖာဂူဆန်လောက် အောင်မြင်မှုများစွာဖြင့် အချိန်ကြာကြာ ရပ်တည်နိုင်မည် မဟုတ်ဟု အာစင်ဝင်းဂါးက ချီးကျူးလိုက်သည်။
ပြိုင်ဘက်ဟောင်း နှစ်ဦးဖြစ်သော်လည်း အာဆင်နယ် အသင်း မန်နေဂျာကြီးက မန်ချက်စတာ ယူနိုက်တက်ကို (၂၆)နှစ်ကြာ တာဝန်ယူခဲ့သည့် ဖာဂူဆန်အား ချီးကျူးခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းသည် QPRနှင့် ကစားမည့် ပွဲစဉ် မတိုင်မီ ၎င်းတို့၏ ဂန္ထဝင် မန်နေဂျာကြီး အတွက် ဂုဏ်ပြု သွန်းလုပ်ထားသော ကြေးရုပ်ကို အိုးလ်ထရက်ဖို့ဒ် ကွင်းအပြင်ဘက်တွင် ဖွင့်လှစ် ပြသသွားရန် စီစဉ်ထားသည်။ ဝင်းဂါးသည်လည်း အာဆင်နယ်၏ သက်တော်ရှည် မန်နေဂျာ ဖြစ်သော်လည်း မန်ယူကို ဖာဂူဆန် ကိုင်တွယ်နေပြီးနောက် (၁၀)နှစ်ကြာမှ အသင်းသို့ ရောက်လာခြင်း ဖြစ်သည်။
ဝင်းဂါးက "ကျွန်တော်ကတော့ ဖာဂူဆန်လောက် အချိန်ကြာကြာ ထိပ်ဆုံးအဆင့်မှာ ရပ်တည်ပြနေတဲ့ မန်နေဂျာမျိုး မမှတ်မိသလောက်ပဲ။ တစ်ဖက်က ကြည့်ရင်လည်း ဒါဟာ ခြောက်ခြားစရာပါ။ ဒီပုဂ္ဂိုလ်မျိုး အသင်းက ထွက်ခွာသွားရင် သူ့နေရာမှာ ဘယ်လို အစားထိုးရမလဲ ဆိုတာကြီးက ပြဿနာ တစ်ခုပဲ မဟုတ်လား။ မန်ယူဟာ ဖာဂူဆန် ထွက်ခွာသွားချိန်မှာ ထိပ်တန်းအဆင့် မန်နေဂျာ တစ်ယောက်ကို ခန့်အပ်မယ် ဆိုရင်တောင် တည်ငြိမ်မှုအပိုင်း ထိခိုက်သွားနိုင်ပါတယ်။ ဖာဂူဆန်ဟာ မန်ယူအတွက် သူ့ဘဝကိုရော၊ အရာအားလုံးကိုပါ မြှုပ်နှံထားသူပါ။ သူဟာ ကလပ်အသင်းရဲ့ သမိုင်းမှာ ထာဝရ ရှင်သန်သူ ဖြစ်ပါလိမ့်မယ်"ဟု ပြိုင်ဘက်အား ချီးကျူးခဲ့သည်။

ဝင်းဂါးက "ကျွန်တော် သဘော အကျဆုံးကတော့ ဖာဂူဆန်ရဲ့ ရှေ့ကို ကြိုတွေးနိုင်စွမ်းပါ။ သူဟာ အချိန်နဲ့ ကိုက်ပြီး အမြဲတမ်း လှုပ်ရှားဖို့ အဆင်သင့် ဖြစ်နေတာပါ။ အသင်းကို အမြဲတမ်း အသစ်ပုံသွင်းနေရမယ်မှန်း သူသိတယ်။ အောင်မြင်မှုတွေ ဆက်တိုက်ရနေပေမယ့် သူလုပ်ရမယ့် အရာအတွက် မပျက်ကွက်ခဲ့ဘူး။ သူက ဘယ်အချိန်မှာ အသစ်ပြောင်းရမယ်၊ ဘယ်လိုမျိုး အသစ်ပြောင်းရမယ်ဆိုတာ အမြဲတမ်း နားလည်နေတယ်။ ဘောလုံးလောကမှာတော့ ဖာဂူဆန်ဟာ ကြီးမားတဲ့ လေးစားမှု အားလုံးနဲ့ ထိုက်တန်သူ ဖြစ်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

ဖာဂူဆန်သည် လက်ရှိ အချိန်ထိ မန်ယူအသင်း အတွက် ချန်ပီယံလိဂ် ဆုဖလား (၂)လုံး၊ ပရီးမီးယားလိဂ် ချန်ပီယံဆု (၁၂)ကြိမ်နှင့် FAဖလား (၅)လုံးတို့ကို ရယူပေးထားပြီး ဖြစ်သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1