Friday, November 23, 2012

ကျန်းမာရေး မကောင်းတဲ့ အတွက် ရိုက်ကူးရေး နားထားတဲ့ မြတ်ကေသီအောင်

Ever November | 11/23/2012 02:32:00 PM | Best Blogger Tips

မတွေ့ဆုံတာ ကြာပြီ ဖြစ်တဲ့ မြတ်ကေသီအောင် ကို စိုးမြတ်သူဇာ ရဲ့ ရိုက်ကွင်းမှာ ပြန်တွေ့ရပါတယ်။ သူငယ်ချင်းဖြစ်သူ စိုးမြတ်သူဇာ နဲ့အတူ ရိုက်ကွင်း လိုက် လာ တာဖြစ်ကြောင်း ပြောပါတယ်။
မြတ်ကေသီအောင်က ကျန်းမာရေး မကောင်းတာကြောင့် ဇန်နဝါရီ လလောက်ကတည်းက ရိုက်ကူးရေး နားထား တာဖြစ်ပြီး အခုဆိုရင် မရိုက်ဖြစ်တာ ၁နှစ်လောက် ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

အိပ်ရာထဲမှာ ၆လလောက် အောက်ဆီဂျင်နဲ့ နေရတဲ့ အထိ ကျန်းမာရေး ဆိုးရွားခဲ့ပြီး ကျန်းမာရေး မကောင်း စဉ် ကာလ တစ်လျှောက်မှာ ကျန်းမာရေးက တကယ် အရေးကြီးကြောင်း နားလည်ခဲ့ ရတယ် ဆိုတဲ့ မြတ်ကေသီအောင် က
” တကယ် မကျန်းမာတဲ့ အချိန် ကျတော့ နေကောင်း ချင်တာပဲ သိတယ်။ အိပ်ရာထဲမှာ ၆လလောက်က အောက်ဆီဂျင် နဲ့နေရတယ်။ နေပြန်ကောင်းတာ ၂လ၊၃လလောက်ပဲ ရှိသေးတယ်။ နေမကောင်း မှပဲ ကျန်းမာရေးက ဘယ်လောက် အရေးကြီးတယ် ဆိုတာ သဘောပေါက် လာတယ်။ ဘာဆိုဘာမှ မလိုချင်တော့ဘူး။ ဇာတ်ကား ရိုက်ချင်စိတ်လည်း မရှိတော့ဘူး။ ပိုက်ဆံ ဆိုတာလည်း မလိုချင်တော့ဘူး။ အိပ်ရာပေါ်မှာ ပက်လက်နေနေ ရတဲ့ အနေအထားကနေ မြန်မြန်ပြန် ထိုင်ချင်တယ်။ ဆရာဝန်က ၁၁ယောက်တောင် ပြောင်း ရတယ်။ ဘာဖြစ်မှန်းမသိလို့လေ။ နောက်ဆုံး ကျတော့မှ သိတာ အသည်းရောဂါတဲ့။ ညဘက် ဇာတ်ကား သွားရိုက်ရင်းနဲ့ သန်လျင်က ပြန်လာတာ ည၁ဝနာရီခွဲလောက် မှာ လုံးဝ နေမကောင်းတော့ဘဲ ပုံလျက်လဲသွားပြီး နောက်နေ့ ကစ ပြီး ပြန်မထနိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တောင် သေပြီလို့ ထင်ထားတာ။ ဝိတိုရိယ ဆေးရုံမှာ ၂ရက်လောက် တက်လိုက်ရတယ်။ ဆေးရုံ က ဆင်းတော့ အိမ်မှာပဲ နေနေရတယ်။ အဲဒီ အချိန်ကျမှ ကျန်းမာရေးက ဘယ်လောက် အရေးကြီးလဲ ဆိုတာ သဘောပေါက် သွားတယ်။ ကျွန်မက တစ်ခါမှ နေမကောင်း မဖြစ်ဖူးဘူး။ ဖျားတာ နာတာကအစ အသေးအမွှားလေးလည်း မဖြစ်ဖူးဘူး။ ကိုယ့်ဘာသာကိုယ် လည်းဒီလိုဖြစ်သွား လိမ့် မယ် လို့ မထင်မိဘူး။ ကျန်းမာရေး က အရေးကြီးကြောင်း နားလည်ခဲ့ရတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာ ကျန်းမာရေး ပြန်ကောင်းသွားပြီ ဖြစ်ပေမယ့် လူတွေကြား ထဲ သိပ်မသွားတာ ကြာတဲ့ အတွက် မသွားရဲသလို ဖြစ်နေကြောင်း သူငယ်ချင်းဖြစ်သူ စိုးမြတ်သူဇာက မနက်ဆိုရင် အပြင် သွားဖို့ လာခေါ်တဲ့ အတွက် လိုက် လာခြင်းဖြစ် ကြောင်း မြတ်ကေသီအောင် ကပြောပါတယ်။

“အခုက ဆရာဝန်ပြစရာ မလိုတော့ဘူး။ ဒါပေမဲ့ ကျွန်မက လူတွေကြားထဲ သိပ်မသွားတာကြာတော့ မသွားရဲဘူး ဖြစ်နေတယ်။ သူငယ်ချင်းက မနက်မနက်ဆို လာ လာခေါ်တာနဲ့ လိုက်လာတာ။ အရင်တုန်းက သူငယ်ချင်းတွေနဲ့ အမြဲ သွားဖြစ်တယ်။ သူ့အိမ်မှာ တစ်ရက်သွား အိပ်မယ် ဆိုရင် တစ်ပတ်လောက်ကို သွားအိပ်ဖြစ်တယ်။ သူငယ်ချင်း ကလည်း သိပ်မရှိဘူး။ သူငယ်ချင်းဆိုလို့ သူနဲ့ ခင်ပပလှိုင်နဲ့ နှစ်ယောက်ပဲ ရှိတယ်။ နေမကောင်းတဲ့ အချိန်လည်း သူတို့တစ်ယောက် တစ်လှည့်လာပြီး စကား လာပြောကြတယ်။ တစ်ခါတလေကျ ရင်နေမကောင်းတော့ depression လည်း ဝင်တယ်လေ” လို့ပြောပါတယ်။

လတ်တလောမှာ ကျန်းမာရေးပြန် ကောင်းလာပေမယ့် ဇာတ်ကားပြန်ရိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။ ရိုက်ကွင်းကို လိုက်လည်တဲ့ အခါ သူများတွေ က မြင်သွားကြပြီး ဇာတ်ကား ပြန်ရိုက်ဖို့ ပြောကြကြောင်း ပြောပါတယ်။ အခုလောလောဆယ် မှာ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းနေပြီး၊ စိတ်က အရင်ကလောက် အဆင်သင့် မဖြစ်သေးကြောင်း၊ အလုပ်လည်း မလုပ်ချင်သေးကြောင်း၊ စိုးရိမ်စိတ်ကလည်း များနေသေးတဲ့ အတွက် အရင်ဆုံး ကျန်းမာအောင် ပဲ နေ ပြီး နောက်ထပ် ၃လလောက်တော့ နားဦး မှာဖြစ်ကြောင်း မြတ်ကေသီအောင်က ပြောပါတယ်။

ဒီနှစ် အကယ်ဒမီပေးပွဲကို တက်ဖြစ်မလားမေးတော့ “တက်မှာ Karat Silk ကစပွန် ဆာပေးမှာ။ တစ်ခါတည်း ပြောထားတာ” လို့ စိုးမြတ်သူဇာ ကဝင်ပြောပါတယ်။
“သူ့ကောင်းမှုပေါ့နော်။ တက်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။ သူက တက်ပါ၊ အဝတ်အစားလည်း စီစဉ်ပေးမှာ ဆိုတော့ တက်ဖြစ်မယ် ထင်ပါတယ်။ အကယ်ဒမီ ပွဲက သွားရလာရတာ အဆင်ပြေ သွားတဲ့ အတွက် တော်တော် ပျော်ပါတယ်” လို့ ပြောပါတယ်။

ခိုဝ်ဝေလွင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1